၂၀၂၁Ambassadeurs en herbeသည် တန်းတူညီမျှမှုနှင့် စည်းလုံးညီညွတ်သော နိုင်ငံသားဖြစ်မှုဟူသော ထုတ်ဝေချက်များပါဝင်သည်။

ကွန်ရက်၏ကျော်ကြားအဆုံးဖြစ်သော ပြောဆိုတင်ဆက်ခြင်းပြိုင်ဆိုင်မှုဖြင့် ၂၀၂၁ထုတ်ဝေမှုအား ပြင်ဆင်နေကြသည်။ကျောင်းသားများအကြား အမြင်များအပြန်အလှန်ဖလှယ်ခြင်း၊ အလုပ်လုပ်ခြင်း (သို့) တခြားသောခေါင်းစဉ်များနှင့်ကမ္ဘာတဝှမ်းအစည်းအဝေးများစသော ပြိုင်ပွဲများသည် ကျောင်းသူကျောင်းသားများအတွက် အရေးပါလျက်ရှိသည်။

၂၀၂၁ သံတမန်များအဆိုပြုထားသော“ နိုင်ငံသားများ – တန်းတူညီညွတ်ရေးနှင့် စည်းလုံးညီညွတ်ရေး” ဟူသောခေါင်းစဉ်သည်ပြင်သစ်ပညာရေးစနစ်ကိုအခြေခံသောလူသားတန်ဖိုးများကို ကမ္ဘာလုံးဆိုင်ရာ ပြင်သစ်ကျောင်းများမှ ထင်ရှားစေရန်ပြသအဆိုပြုထားသည်။

ကူးစက်ရောဂါကြောင့် ခရီးသွားလာခြင်းနှင့် စည်းဝေးခြင်းများအတွက် လိုအပ်သောကန့်သတ်ချက်များရှိခြင်းကြောင့် AEFE သည် နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာကျောင်းကွန်ယက် Ambassadeurs en herbe စုဝေးပွဲ၏ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ညှိနှိုင်းလျက်ရှိသည်။ CM1 မှ ၁၂ တန်းအထိ ကျောင်းသူကျောင်းသားများစုဝေးကာ အွန်လိုင်းမှ စုဝေးပြီး အစည်းအဝေးများပြုလုပ်ခြင်းဖြင့်လည်း ညှိုနှိုင်းစီစဉ်လျက်ရှိသည်။

နိုင်ငံအလိုက်နောက်ဆုံးရွေးချယ်ခြင်းအစီအစဉ်မရှိတော့သော်လည်း တကယ့်ပွဲစဉ်နောက်ဆုံးရွေးချယ်ခြင်းသည် အဓိကဖြစ်သည်။

နိုင်ငံတကာနောက်ဆုံးပွဲစဉ်များအတွက် ဗီဒီယိုနှင့် အွန်လိုင်းမှ ရုပ်မြင်သံကြားဖုန်းခေါ်ခြင်းများသည် အသုံးဝင်သည်။

ပြိုင်ပွဲဝင်၅ယောက်ကို သက်ဆိုင်ရာဇုန်ရှိကျောင်းများမှ ရွေးချယ်မည်ဖြစ်သည်။

ကျောင်းသူကျောင်းသားများသည် အလှည့်ကျ တင်ဆက်ပြိုင်ပွဲဝင်ရမည်ဖြစ်သည်။

တစ် ဦး ချင်းစကားပြောသောလေ့ကျင့်ခန်းများသည် ပို၍ ကွဲပြားသည် – အိမ်ရှင်နိုင်ငံ၏ဘာသာစကားဖြင့်တင်ဆက်ခြင်း၊ ပြင်သစ်သို့အတိုချုပ်ပြန်ဆိုခြင်း၊ ထို့နောက်ဆန္ဒရှိသည့်အတိုင်းရှုထောင့်ကိုတင်ပြခြင်း၊ စာသားကိုအသံကျယ်ကျယ်ဖြင့်ဖတ်ခြင်းစသည်တို့ဖြစ်သည်။

ပြိုင်ပွဲတွင် စုပေါင်းဆွေးနွေးခြင်းသို့ အချင်းချင်းအပြိုင်အဆိုင်ဆွေးနွေးခြင်းများကို ရွေးချယ်ပြုလုပ်နိုင်သည်။

ကျောင်းသူကျောင်းသားများ၏ ပြိုင်ပွဲတင်ဆက်ခြင်းတွင် အပိုင်း၄ပိုင်းရှိသည်။

  • အပိုင်း၃ (CM1-CM2-6e)
  • အပိုင်း ၄ (5e, 4e, 3e)
  • အထက်တန်း (2de, 1re, terminale)
  • စုပေါင်း (အဆင့်ဆင့်သို့မဟုတ်တူညီသောအဆင့်)

အဖွဲ့များအားလုံးနှင့် ကျောင်းသားကျောင်းသူများသည် ဤပြိုင်ပွဲအသစ်အတွက် ပြင်ဆင်ရန် စိတ်အားထက်သန်လျက်ရှိကြသည်၊

Comments are closed.