LFIR သည် AGORA ၏ အဖွဲ့ဝင်ဖြစ်သည်။

LFIR သည် AGORA ကမ္ဘာလုံးဆိုင်ရာအထက်တန်းကျောင်း ကွန်ယက်တွင် ပါဝင်ခွင့်ရခြင်းကို ဂုဏ်ယူသည်။

ဤသို့ အဖွဲ့ဝင်ဖြစ်ခြင်းသည် အထက်တန်းကျောင်းများနှင့် ကမ္ဘာတဝှမ်းရှိ ပြင်သစ်ကျောင်းများမှ ကျောင်းသားဟောင်းများကို ဆက်သွယ်ခွင့်ရှိပြီး ဘွဲ့လွန်သင်တန်းနှင့် ADN-AEFE ကျောင်းလဲလှယ်ရေးအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်ဖြစ်သည်။

ဤအစီအစဉ်သည် နိုင်ငံတကာရှိပြင်သစ်ကျောင်းများကို AEFEကွန်ရက်သို့မဟုတ် ပြင်သစ်ရှိအခြားကျောင်းများမှ ပညာရေးဖလှယ်ခြင်းအစီအစဉ်များ ပြုလုပ်ခွင့်ရစေသည်၊

ကျောင်းသားများအတွက် လမ်းညွှန်မှုသာမက ကျောင်းသားဘဝနှင့် သက်ဆိုင်သော အကြောင်းအရာများအား ဆွေးနွေးနိုင်ရန် အလို့ငှာ နိုင်ငံတကာပြင်သစ်ကျောင်းးများမှ အထက်တန်း ကျောင်းသားကျောင်းသူများနှင့် လူငယ်ကျောင်းသားများအားဆက်သွယ်ပေးနိုင်ရန် ယခုအစီအစဉ်ကို ပြုလုပ်ပေးသည်။ စာရင်းပေးသွင်းသူများသည် သူတို့နှစ်သက်သော ဘာသာရပ်များဖြစ်သောကျောင်း၊ တက္ကသိုလ် စသည်တို့ကို ဖိုရမ်တစ်ခုတွင်ဆွေးနွေးခြင်းအစရှိသဖြင့် စိတ်ဝင်စားမှုအနည်းအများကိုလိုက်၍ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်နိုင်သည်။

ကျောင်းသားကျောင်းသူများ၏ ဗီဒီယိုစမ်းသပ်မှုများကိုလည်း တွေ့မြင်နိုင်ပြီး ADN-AEFEအစီအစဉ်ဖြင့် ပြုလုပ်သော ကျောင်းသားကျောင်းသူများ၏ အတွေ့အကြုံဖလှယ်မှုများကိုပါ သိရှိရမည်ဖြစ်သည်။

ပိုမိုအသေးစိတ်သိရှိလိုပါက ဤနေရာကိုနှိပ်၍ အင်တာနက်တွင် အသေးစိတ်လေ့လာနိုင်ပါသည်။ သို့မဟုတ်(nadia.carnal@lfir.org)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Comments are closed.