၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းလခများနှင့် ငွေပေးချေမှုအတွက် သိကောင်းစရာ အချက်များ
ကျောင်းအပ်မှတ်ပုံတင်ကြေး သိကောင်းစရာ
- ဤသည်မှာ LFIR တွင် ကလေးတစ်ဦးကို ပထမဆုံး ကျောင်းအပ်မှတ်ပုံတင်သည့်အခါ တစ်ကြိမ်သာပေးရသော ကျောင်းအပ်ကြေး ပေးချေမှုဖြစ်ပါသည်။
- ကလေးသည် LFIR မှ ထွက်သွားပြီး နောက်ရက်များတွင် ပြန်လည်ကျောင်းအပ်မှတ်ပုံတင်မည်ဆိုပါက ကျောင်းအပ်ကြေး ထပ်မံပေးဆောင်ရမည်ဖြစ်ပါသည်။
- ကျောင်းအပ်မှတ်ပုံတင်ကြေးကို ပြန်၍မအမ်းပါ။
ကျောင်းလခအကြောင်း သိကောင်းစရာ
* "ပုဂ္ဂလိက" နှုန်းသည် ၎င်းတို့၏အလုပ်ရှင်များထံမှ အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရရှိသော မိသားစုများအတွက် အကျုံးဝင်သည် သို့မဟုတ် ၃၈% အထိ အကျိုးခံစားခွင့် လက်ခံရရှိသည့် မိသားစုများအတွက်ဖြစ်သည်။ အလုပ်ရှင်များထံမှ အကျိုးခံစားခွင့် လက်ခံရရှိသည့် မိသားစုများသည် ထိုအလုပ်မှ ကျမ်းသစ္စာကျိန်ဆိုချက်တစ်ခုကို ပူးတွဲတင်ပြရန် လိုအပ်ပါသည်။
** "အလုပ်ရှင်ပါဝင်မှု" နှုန်းသည် အလုပ်ရှင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ ကလေးကျောင်းလခ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ရာနှုန်းပြည့်၊ ကျောင်းလခ ၃၈% ထက်ကျော်၍ အကျိုးခံစားခွင့်ကို လက်ခံထားသည့် မိသားစုများအတွက် အကျုံးဝင်သည်။
- LFIR သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျောင်း၏ ကျောင်းလခများသည် ကျောင်း၀င်ငွေစုစုပေါင်းကို ကိုယ်စားပြုပြီး အခါအခွင့်သင့်တိုင်း ကျောင်း၏လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်များကို ကာမိစေရန် အသုံးပြုပါသည်။
ကျောင်းလခ ငွေပေးချေမှု စည်းကမ်းချက်များ
- ကျောင်းလခကို နေရာအနှံ့လက်ခံသော USဒေါ်လာအား ငွေသားဖြင့်ဖြစ်စေ သို့မဟုတ် ကျောင်း၏ ဘဏ်အကောင့်တစ်ခုခုသို့ဖြစ်စေလွှဲပေးခြင်းဖြင့် ပေးသွင်းပါ။
- တစ်နှစ်လျှင် အပိုဝန်ဆောင်ခ ဒေါ်လာ၅၀ဖြင့် ကျောင်းလခ ငွေပေးချေမှုကို ၃ကြိမ်ခွဲ၍ ပြုလုပ်နိုင်ပါသည် (အခြားအစီအစဉ်များအတွက် ကျောင်းကိုဆက်သွယ်ပါ)။
ကျောင်းလခငွေပေးချေမှု နောက်ကျခြင်း
- ကျောင်းလခငွေပေးချေမှု နောက်ကျပါက ဒဏ်ကြေးအတိုးနှုန်း (စုစုပေါင်း ပေးချေရမည့် ကျောင်းလခ ပမာဏ၏ ၅%) ကို ကောက်ခံပါသည်။
လျှော့စျေးများနှင့် အကျိုးခံစားခွင့်များ
- Early payment : a 5% discount is offered for full payment in USD / EUR before June 1st 2024.
- မွေးချင်းလျှော့စျေး၊ LFIR တွင်စာရင်းသွင်းထားသော ၃ယောက်မြောက် ကလေးအတွက် ကျူရှင်ကျောင်းလခအပေါ် ၁၅% စျေးလျှော့ပေးပါသည်။ ဤလျှော့စျေးသည် အငယ်ဆုံးကလေးအတွက်ဖြစ်သည်။
- IFB (Institut Français de Birmanie / French Institute, Myanmar) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ LFIR တွင် စာရင်းသွင်းထားပြီး ပြင်သစ်စကား မပြောတတ်သော မည်သည့်ကျောင်းသား/သူမဆို IFB မှ ဒေါ်လာ၆၀၀တန် အခမဲ့ ပြင်သစ်စကားပြောသင်တန်းများကို ရရှိပါမည်။
အခြားအခကြေးငွေကောက်ခံမှုများ
- လူမှုရေးအထောက်အပံ့ရန်ပုံငွေ၊ LFIR လူမှုရေးရန်ပုံငွေသည် ငွေကြေးအခက်အခဲကြုံတွေ့နေရသော မိသားစုများအား ကျောင်းလခနှင့် ကျောင်းစရိတ်များကို လိုအပ်လျှင် လိုအပ်သလို ကူညီပေးရန် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ ကလေးတစ်ဦးချင်းစီ၏ တစ်နှစ်စာကျောင်းလခကို အပိုငွေ ဒေါ်လာ၅၀ ထပ်ဆောင်းကောက်ခံပြီး ဤရန်ပုံငွေအား မတည်ထားခြင်း ဖြစ်ပါသည်။
- နိုင်ငံသားတာဝန်ယူမှုအာမခံ၊ နိုင်ငံသားတာဝန်ယူမှုအာမခံသည် ကလေးတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရပါမည်။ ကလေးတစ်ဦးချင်းစီ၏ ကျောင်းလခကို အပိုငွေ ဒေါ်လာ၅၀ ထပ်ဆောင်းကောက်ခံပြီး LFIR သည် ကလေးကိုယ်စား အာမခံကြေး စာရင်းပေးသွင်းနိုင်ပါသည်။
- စာမေးပွဲများ၊ ပြင်သစ်နိုင်ငံတွင်း စာမေးပွဲများအတွက် မှတ်ပုံတင်ကြေးသည် ကျောင်းလခတွင် ပါဝင်ပါသည်။
- ဘာသာစကား အသိအမှတ်ပြုလက်မှတ်များအတွက် (ဥပမာ DELF သို့မဟုတ် Cambridge ကဲ့သို့) ကုန်ကျငွေများသည် ကျောင်းလခထဲတွင် မပါဝင်ပါ။ LFIR ကျောင်းသား/သူများသည် ပြင်သစ်ဘာသာစကား တတ်ကျွမ်းမှု အသိအမှတ်ပြုလက်မှတ်များအတွက် အထူးလျှော့စျေး ရရှိပါသည်။
- ကျောင်းဝတ်စုံယူနီဖောင်း၊ ပြင်သစ်နိုင်ငံတွင် ကျောင်းဝတ်စုံယူနီဖောင်း ဝတ်စရာမလိုသလို ဤကျောင်းတွင်လည်း မလိုပါ။ ကလေးများအဆင်ပြေကျောင်းအင်္ကျီအဝတ်အစား ဝတ်နိုင်ပါသည်။
ထပ်မံစုံစမ်းသိရှိလိုပါသလား။
ကျောင်းနှင့်ပတ်သက်သော အချက်အလက်များ ပိုမိုသိရှိရန် လိုအပ်ပါက စုံစမ်းမေးမြန်းရန်အတွက် ကျောင်းရုံးခန်းသို့ ကျေးဇူးပြု၍ ဆက်သွယ်ပါ။
secretaire@lfir.org
The full financial terms & conditions can be downloaded here (English or French):