ကျောင်းချိန်ပြင်ပလှုပ်ရှားမှုသင်တန်းများ

ကျောင်းသည် မတူညီသော အခြေခံအဆင့်တိုင်းမှ ကျောင်းသား/သူများအား အပိုသင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှု/သင်တန်းများကို သင်တန်းကြေးကောက်ခံပြီး သင်ကြားပေးပါသည်။ ဤလှုပ်ရှားမှု/သင်တန်းများသည် စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ကျောင်းချိန်ပြီးနောက် (ညနေ ၃ နာရီ သို့မဟုတ် ညနေ ၄ နာရီ) မှစ၍ ကျောင်းဝင်းကွင်းအတွင်း၌ နေ့စဉ်ပြုလုပ်ပေးပါသည်။ သင်တန်းများအားလုံးကို LFIR နှင့် ပြင်ပ ဆရာ/မများ က ဦးစီးပြီး LFIR လက်ထောက်ဆရာ/မများက ကြီးကြပ်ပေးပါသည်။ ဤလှုပ်ရှားမှု/သင်တန်းတို့သည် မိဘများအတွက် အဆင်ပြေမှုနှင့် စိတ်အေးချမ်းမှုကို ရရှိစေပြီး ကလေးများအားလည်း အမျိုးမျိုးသော လှုပ်ရှားမှု/သင်တန်းများနှင့် စိတ်ဝင်စားနိုင်ဖွယ် ဖြစ်နိုင်ခြေများကို ထုတ်ဖော်ပြသရန် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။

လက်တလော၌ သင်တန်း ၂၃ ခုရှိပြီး၊

အိုးခွက်လုပ်၊ ကရာတေး၊ အချက်အပြုတ်၊ ဘောလုံး၊ ကွန်ပျူတာ coding၊ အချုပ်အလုပ်၊ အနုပညာနှင့်ပန်းချီ ဖြတ်ညှပ်ကပ်လက်မှုပညာ… မတူညီသော အသက်အုပ်စုအလိုက် လိုအပ်ချက်များကို ကူညီဆောင်ရွက်ဖြည့်တင်းပေးနေပါသည်။ 

ကျောင်းချိန်ပြင်ပ လှုပ်ရှားမှု/သင်တန်းများကိုအားလုံးအတွက် ဖွင့်ပေးထားပြီး ပြင်ပကျောင်းသား/သူများသည် မှတ်ပုံတင်ကြေး ထပ်မံပေးဆောင်ရန် လိုအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက ကျောင်းရုံးခန်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Registration is now OPEN for the 2024-2025 school year !

Admission requirements can be found here.

For more information about application or registration, please click here.

LFIR – French International School of Yangon  : Yangon’s most international school