ကျောင်း၀န်း နှင့်တည်နေရာ

လှပသောကျောင်းဝင်းအသစ်တခု

LFIR သည် ၂၀၂၀ခုနှစ်တွင် ကျောင်း၏လက်ရှိတည်နေရာ မူကြို/မူလတန်းနှင့် အလယ်တန်း/အထက်တန်းတို့ကို အင်းလျားလမ်းနှင့် မလှမ်းမကမ်းရှိ ဆိတ်ငြိမ်သည့် (ဝင်ဒါမီယာ)ဥယျာဉ်လမ်းပေါ် ကပ်လျက်ရှိသော ကျောင်းဝင်းနှစ်ခုအတွင်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။

ဤလှပ၊အေးချမ်း၊လုံခြုံသော ကျောင်းနေရာသည် ကလေးများကစားနည်းအမျိုးမျိုးကစားရင်းနှစ်လိုဖွယ် တသက်တာအမှတ်တရများ ရရှိစေဖို့ဖန်တီးပေးထားပါသည်။

ခေတ်မှီသည့် သင်ထောက်ကူ အထောက်အပံ့များ

LFIR ကျောင်းဝင်းအသစ်သည် ပညာရေး၊ အားကစား၊ စာဖတ်ခြင်း၊ အနုပညာ နှင့် ဆော့ကစားခြင်းများအတွက် လိုအပ်သည့်အကောင်းဆုံးသောသင်ထောက်ကူပစ္စည်းများကို ပံ့ပိုးပေးပါသည်။

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုသည် သင်ရိုးညွှန်းတမ်း၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည့်အားလျော်စွာ အရွယ်ငယ်သောကလေးငယ်များအတွက်သာမက ကလေးကြီးများအတွက်ပါ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး- မူကြိုကလေးများအတွက် အခုအခံ အကာအကွယ်ပါသော အခန်းတစ်ခု၊ ဘောလုံးဂိမ်းများအတွက် မိုးလုံလေလုံ အားကစားကွင်းတစ်ခု၊ အားကစားလေ့ကျင့်ခြင်းလုပ်ရန်အတွက်သာမက အခြားကျောင်းများနှင့်ယှဉ်ပြိုင်ရန်အတွက် ဘောလုံးကွင်းကြီးတစ်ခုပါရှိသည်။

ကလေးများအလွန်သဘောကျသည့်ရေကူးသင်တန်းကို ကျောင်းနှင့်မနီးမဝေး လုံခြုံစိတ်ချရ၍ ပျော်စရာကောင်းသော ဆာကူရာရက်စီးဒင့်အိမ်ရာဝင်း အတွင်းရှိ ရေကူးကန်၌ ကလေးအရေအတွက်အနည်းငယ်စီ တစ်ဖွဲ့စီခွာကာ အတွေ့အကြုံရင့်ကျက်သော ရေကူးနည်းပြများနှင့် သင်ကြားပြသပေးပါသည်။

စာသင်ခန်းများအားလုံး ကျယ်ကျယ်ဝန်းဝန်းနှင့် သင်ထောက်ကူပစ္စည်းများလည်း စုံစုံလင်လင်ရှိသည်။ ကျောင်းတွင်းရှိ အဆင့်မြင့်နည်းပညာအသုံးအဆောင်များအားလည်း ဆရာ/မများ၏လမ်းညွှန်မှုအောက်၌ကျောင်းသား/သူများ အသုံးပြုနိုင်သည်။ ထို့အပြင် စာသင်ခန်းများကို တစ်ဦးချင်းအတွက်သာမက၊ အုပ်စုလိုက် သင်ခန်းစာများအတွက်ပါ အဆင်ပြေစေရန်ဒီဇိုင်းပုံစံ စီစဉ်ထားပေးပါသည်။

အနုပညာ သင်ထောက်ကူပစ္စည်းအများအပြားနှင့် ပြဇာတ်ဝတ်စုံများ အားအလွယ်တကူအသုံးပြုနိုင်ရန်စီမံထားသည်။ ထိုအကျိုးကျေးဇူးကြောင့် အနုပညာအတန်းများနှင့် ကျောင်းပရောဂျက်လက်တွေ့ သင်ခန်းစာများသည် ပိုမိုပျော်ရွှင်ဖွယ်ရာကောင်းပြီး၊ ကျောင်းခန်းမကြီးတွင်လည်း ဆင်တင်ပြဇာတ်များဖန်တီးကာ မိဘများရှေ့မှောက်တွင်ဂုဏ်ယူစွာ တင်ဆက်ပေးကြပါသည်။

ကျောင်းစာကြည့်တိုက် လှလှလေးမှာ ကျောင်းရှိ ကလေးများအားလုံး ပြင်သစ်၊ အင်္ဂလိပ်နှင့် မြန်မာစာအုပ်များကို နာရီပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် ဖတ်နိုင်ပါသည်။ ကျောင်းသား/သူများ စူးစမ်းလေ့လာအား ကောင်းလာစေရန်အတွက် ရည်ရွယ်ပြီး အပတ်စဉ်တိုင်း စာကြည့်တိုက်သို့ ခေါ်ဆောင်သွားကာ မိမိတို့စိတ်ဝင်စားသည့်မည်သည့်စာအုပ်ကိုမဆို ငှါးရမ်းစေပါသည်။

ကလေးများ၏ ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးအတွက် ဆော့ကစားခြင်းသည် မရှိမဖြစ်လိုအပ်သောကြောင့် မူကြိုစာသင်ခန်းများအတွင်း၌ အသက်အရွယ်နှင့်သင့်တော်သော ပညာရေးဆိုင်ရာဂိမ်းများနှင့် အရုပ်များကို စီစဉ်ပေးထားသည်သာမက ကလေးများ စိတ်တိုင်းကျ ဆော့ကစားရန် ကစားချိန်များကိုလည်း ကျောင်းအချိန်စာရင်းထဲ နေ့စဉ်နေ့တိုင်း စီစဉ်ရေးဆွဲထားပေးပါသည်။ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ကစားစရာပစ္စည်းတွေ စုံစုံလင်လင်ရှိသည့် ကလေးကစားကွင်းနှစ်ခုသည် ကလေးငယ်များအတွက် နာရီပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်ရန်အတွက် စိတ်ချရသည့် နေရာများပင်။ ဤကလေးကစားကွင်းများမှာ စီးစရာ လျှော၊ ဒန်း၊ ဝါးများနှင့် လှလှပပ ဆောက်လုပ်ထားသည့် တွဲလောင်းခိုစရာ၊ တွယ်တက်စရာ ဘောင်များ၊ ကိုင်းများအပြင် အားကစားပေါင်းစုံအတွက် ကွင်းတစ်ခုလည်း ပါရှိသည်။

တည်နေရာ

LFIR သည် အင်းလျားလမ်းဘက်မှလည်း အလွယ်တကူ ဝင်၍ရသော တိတ်တိတ်ဆိတ်ဆိတ်နှင့် စိမ်းစိမ်းစိုစိုရှိသည့် ဥယျာဉ် (ဝင်ဒါမီယာဥယျာဉ်) လမ်းပေါ်တွင် တည်ရှိပါသည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Registration is now OPEN for the 2024-2025 school year !

Admission requirements can be found here.

For more information about application or registration, please click here.

LFIR – French International School of Yangon  : Yangon’s most international school