LFIR အကြောင်း

LFIR - ပြင်သစ်နိုင်ငံတကာကျောင်း၊ရန်ကုန်

THE LFIR – French International School of Yangon သည် အကျိုးအမြတ်မယူသည့် အရည်အသွေးမြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFE (Agency for French Education Abroad) အသင်းဝင်အနေဖြင့်ပြင်သစ်ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည်။ နိုင်ငံပေါင်း ၁၃၉ နိုင်ငံရှိ ပြင်သစ်နိုင်ငံတကာကျောင်းပေါင်း ၅၈၀ ကျောင်းများပါဝင်သည့် ပြင်သစ်ကျောင်းများကွန်ယက် နှင့်ချိတ်ဆက်ထားပါသည်။ ပြင်သစ်သင်ရိုးညွှန်းတန်းလက်ကိုင်ကာနိုင်ငံတကာယဉ်ကျေးမှုနှင့်လိုက်လျောညီထွေသင်ကြားပေးပါသည်။

အတွက် 2025-2026 စာသင်နှစ်တွင် LFIR သည် “Toute Petite Section” မှ မှတ်ပုံတင်ခြင်းကို လက်ခံသည် (အသက် ၂) "သို့4ème”(၈တန်း); ကျောင်းသားများသည် အလယ်တန်းနှင့် အထက်တန်းကျောင်းများအထိ တိုးတက်လာသောကြောင့် အတန်းများ ထပ်မံဖွင့်လှစ်ရန် မျှော်လင့်ထားသည်။

LFIRကျောင်းသည်ကလေးများအားဂရုတစိုက်ပျိုးထောင်ပေးသည့်းပျုငှါ၊ပျော်ရွှင်စရာပတ်ဝန်းကျင်တခုဖြစ်သည်။ LFIR သင်ကြားရေးအဖွဲ့၏အားထုတ်မှုများဖြင့် ကလေးတဦးချင်းစီအတွက် လိုအပ်သည့်ပံ့ ပိုးများပေးလျှက်ရှိသည်။ရန်ကုန်မြို့၏အချက်အချာကျသည့်လှပ၊ကျယ်ဝန်းသောကျောင်းဝန်းအတွင်းကလေးများအတွက်စာသင်ခန်းအတွေ့အကြုံ၊အနုပညာနှင့်အားကစားသင်ကြားမှုများအတွက်အဆင်ပြေ စေရန်ဖန်တီးပေးထားသည်။

စစ်မှန်သောနိုင်ငံတကာကျောင်း

ဘာသာစကား၊ယဉ်ကျေးမှူများစွာကိုလွတ်လပ်ပေါ့ပါးစွာဖလှယ်နိုင်သောအစဥ်အလာဖြင့် LFIR ကျောင်းမှာနိုင်ငံတကာမှကျောင်းသား/သူအားလုံးကိုကြိုဆိုထားပြီး လက်ရှိတွင်၁၅နိုင်ငံအားကိုယ်စားပြုထားရာ ပြင်သစ်လူမျိုး၂၁% ၊ မြန်မာလူမျိုး ၃၅% နှင့်ကျန်၄၄%မှာ အခြားလူမျိုးများဖြစ်သည်။ ဤနိုင်ငံတကာနှင့်ဆိုင်သောဝန်းကျင်တွင်ကလေးများအတွက်မတူညီသောယဉ်ကျေးမှုများကိုတွေ့သိ ၊လက်ခံ၊အမြင်ကျယ်စေရန်ရည်ရွယ်ပြီး ကျောင်းတွင် လက်ကိုင်အသုံးပြုသော ပြင်သစ်သင်ရိုးညွှန်းတန်း မှာမူ ယဉ်ကျေးမှုအစုံ၊ ဘာသာစကားအစုံထိတွေ့ရန်ပတ်ဝန်းကျင်အတွက်လိုက်လျောညီထွေမှုရှိစေသည်။

LFIR Students' origins

သို့ပါ၍ ပြင်သစ်ပညာရေး၏ သီအိုရီဆိုင်ရာအသိပညာအပြင် ဆင်ခြင်ပိုင်းခြားနိုင်စွမ်းတို့ကိုပါ သင်ကြားထိတွေ့စေသည်။ ထို့ကြောင့် LFIR သည်ကျောင်သား/သူများ အတွက်မျက်မှောက် ကမ္ဘာတွင်လက်တွေ့အသုံးဝင်သည့် ဘာသာစကားဆိုင်ရာ၊ယဉ်ကျေးမှုဖလှယ်နိုင်စွမ်းတို့ကိုတိုးတက်လာစေရန်ပြင်ဆင်ပေးသည်။

ပြင်သစ်တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်လက်မှတ် baccalauréat ရပြီးလျှင် ပြင်သစ်နှင့်နိုင်ငံတကာမှတက္ကသိုလ်များကို လျှောက်ထားနိုင်ကြသည်။ ပြင်သစ်နိုင်ငံတွင်ဆက်လက် ပညာသင်ယူလိုပါက Campus France နှင့်AEFE တို့ထံမှ ပညာသင်ဆုများစွာကို လျှောက်ထားနိုင်ပါသည်။ လိုအပ် သည့်သတင်းအချက်အလက်များအား လင့်ခ်နှိပ်ပြီးကြည့်ပါရန်။

ကျောင်းသမိုင်းကြောင်း

ပြင်သစ်ရေနံကုမ္ပဏီ Total group တွင်တာဝန်ထမ်းဆောင်ကြသည့်ဝန်ထမ်းသား၊သမီးများပညာရေးအတွက်ရည်ရွယ်ပြီး ၁၉၉၃ ခုနှစ်တွင် ပြင်သစ်ကျောင်းကိုစတင်တည်ထောင်ခဲ့သည်။ 

၂၀၁၁ခုနှစ်တွင် Joseph Kessel အမည်ဖြင့်၄င်း၊ ၂၀၁၆ခုနှစ်တွင် ပြင်သစ်ကျောင်းများကွန်ယက်၏အဖွဲ့ဝင် ပြင်သစ်နိုင်ငံတကာကျောင်းအဖြစ်၄င်းရပ်တည်ရင်း မူကြိုမှတက္ကသိုလ်ဝင်တန်းအထိအတန်းများအားဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။

JOSEPH KESSEL နှင့် LFIR ကျောင်းခြင်္သေ့

ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲတော်လှန်ရေးစာရေးဆရာ၊စွန့်စားခရီးသွားသတင်းထောက်အဖြစ် ကျော်ကြားသည့် ဂျိုဆက်ဖ်ကတ်ဆယ် သည်မြန်မာပြည်ရှိ မိုးကုတ်မြို့သို့ ၁၉၅၅ခုနှစ်တွင် အလည်အပတ်ရောက်ရှိခဲ့သည်။ အမေ့ခံမြို့မှကိုယ်တွေ့ဖြစ်ရပ်အား “ပတ္တမြားတောင်ကြား”အမည်ဖြင့်မှတ်တမ်းတင်ရေးသားခဲ့သည်။ အဆိုပါစာရေးဆရာသည်ခြင်္သေ့နှင့် ပထရစ်ရှာဆိုသူမိန်းကလေးတို့အပြန်အလှန်ထားရှိသည့်သူငယ်ချင်းသံယောဇဉ်အကြောင်း ကို “ခြင်္သေ့”အမည်ဖြင့် စာအုပ်ရေးသားခဲ့ရာ  စာအုပ်ထဲမှသမိုင်းဝင်ဇာတ်ကောင် ခြင်္သေ့အား ကျောင်းသင်္ကေတအဖြစ် မှတ်တမ်းတင်အသုံးပြုထားသည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.