သိသင့်သိထိုက်သော အချက်အလက်များ

သွားရည်စာနှင့် နေ့လယ်စာ

ကျောင်းသား/သူများသည် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် အဆာပြေစားနိုင်ပြီး နေ့လယ် ၁၂ နာရီမှ ၁ နာရီအတွင်း နေ့လယ်စာ စားနိုင်ပါသည်။ ကျောင်းသား/သူများကို ထမင်းစားချိန်အတွင်း ဆရာ/မများနှင့် ဝန်ထမ်းများက စောင့်ကြည့်ကြီးကြပ်ပေးပါသည်။

ကလေးတိုင်းသည် ကျောင်းသို့ ၎င်းတို့၏ သွားရည်စာနှင့် နေ့လယ်စာ ယူဆောင်လာရပါမည် ။ ရေခဲသေတ္တာ နှင့် မိုက်ခရိုဝေ့ဖ်များလည်း ရှိပြီး မူလတန်းကလေးများသည် မီးဖိုချောင်အသေးစားကို အသုံးပြုခွင့်ရှိပါသည်။ ကျောင်းဝင်းအတွင်း၊ စာသင်ခန်းအတွင်းတွင်မက အပြင်တွင်ပါ နေရာတိုင်းတွင် သောက်ရေသန့်ရရှိနိုင်ပါသည်။

ကလေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော သွးရည်စာနှင့် နေ့လယ်စာများကို ပြင်ဆင်ရန် မိသားစုတိုင်းတွင် တာဝန်ရှိပြီး ကလေး၏အမည်ကို ၎င်းတို့၏ သွားရည် စာနှင့် နေ့လယ်စာဘူးများတွင် ရေးပေးရန် လိုပါသည်။

ကလေးများအား သကြားလုံးယူဆောင်လာခြင်း သို့မဟုတ် အစားအစာ ဝေမျှစားသောက်ခြင်းများအား ခွင့်မပြုသောကြောင့် မိသားစုများသည် ၎င်းတို့၏ ကလေးအတွက် လိုအပ်သည်များကိုသာ ပြင်ဆင်ပေးသင့်ပါသည်။  

ကျောင်းတူညီဝတ်စုံများ

ပြင်သစ်တွင်ကဲ့သို့ကျောင်းတူညီဝတ်စုံများ ဝတ်ရန်မလိုပါ။ ကလေးများ လွတ်လွတ်လပ်လပ် အဆင်ပြေသလို ဝတ်၍ရပါသည်။ ကျောင်းသားတစ်ဦးစီအား ကျောင်းတီရှပ်တစ်ထည်စီပေးပါသည်။ ထပ်မံလိုအပ်ပါက စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

ကျောင်း သင်ထောက်ကူပစ္စည်းများ

မူကြိုကလေးများသည် ကျောင်းမှအစစအရာရာ ပံ့ပိုးပေးသောကြောင့် ကျောင်းသုံးပစ္စည်းများ ယူလာရန် မလိုအပ်ပါ။ ကျေးဇူးပြု၍ ရေဘူးတစ်ဘူးနှင့် လဲလှယ်ရန် အဝတ်အစားအနည်းငယ် ထည့်ပေးပါ။ အငယ်ဆုံးကလေးများအတွက် သူတို့စိတ်ကြိုက်အရုပ်ကို ယူခွင့်ပြုထားပါသည်။

မူလတန်းနှင့် အထက်တန်းများတွင် မှတ်စုစာအုပ်၊ ကျောင်းသုံးစာအုပ်၊ လေ့ကျင့်ခန်းစာအုပ်များနှင့် အနုပညာသင်ကြားရေးအထောက်အကူပစ္စည်းများအားလုံးကို ကျောင်းမှ ပံ့ပိုးပေးပါသည်။ သင့်ကလေး၏ခဲတံအိတ်နှင့် ကျောင်းလွယ်အိတ်တွင် ထည့်သွင်းရမည့်ပစ္စည်းများ စာရင်းအပြည့်အစုံကို ပူးတွဲပါဖိုင်များတွင် တွေ့ရှိနိုင်ပါသည်- စာရင်း CP-CE1 ; စာရင်း CE2-CM1-CM2 ; စာရင်း 6ème

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Registration is now OPEN for the 2024-2025 school year !

Admission requirements can be found here.

For more information about application or registration, please click here.

LFIR – French International School of Yangon  : Yangon’s most international school