ဘာသာစကား စီမံခန့်ခွဲမှု
သင်ကြားပို့ချသော ဘာသာစကားနှစ်မျိုးမှာ ပြင်သစ်နှင့် အင်္ဂလိပ်ဖြစ်ပြီးဘာသာစကားနှစ်မျိုးစလုံးကို ကျွမ်းကျင်စွာပြောဆိုနိုင်မှုသည် ကျောင်းနှင့်မိသားစုများအတွက် ရည်မှန်းချက်တစ်ခုဖြစ်ပါသည်။
ပြင်သစ်
LFIR မိသားစုအများစုသည် ပြင်သစ်စကား မပြောကြသောကြောင့် ကျောင်းစတက်ကြသောအခါ ကျောင်းသား/သူအများစုမှာ ပြင်သစ်ဘာသာစကားကို အနည်းငယ်မျှပင် မသိကြပါ။
ထိရောက်သော ပြင်သစ်ဘာသာစကားသင်တန်းကို ဖွင့်လှစ်ထားပြီး ကျောင်းသား/သူများသည် ကျောင်းနှင့် French Institute of Myanmar တွင် သင်ကြားပေးသော အတန်းများဖြင့် အလွန်လျင်မြန်စွာ တိုးတက်လျက်ရှိသည်။
ပြင်သစ်နိုင်ငံခြားဘာသာစကား/ကျောင်းသင်ရိုးညွှန်းတမ်းအတွက် ပြင်သစ်ဘာသာအကြောင်း ထပ်မံသိရှိလိုသော အချက်အလက်များကို ဤနေရာတွင် စုံစမ်းသိရှိနိုင်ပါသည်။
အင်္ဂလိပ်
ကလေးအများစုသည် ကျောင်းစတက်ချိန်တွင် အင်္ဂလိပ်စကားပြောတတ်နေကြပြီး အင်္ဂလိပ်စကားပြော သူငယ်ချင်းတွေအချင်းချင်း နေ့စဥ်နေ့တိုင်း အင်္ဂလိပ်ဘာသာစကား ကို ထိတွေ့ခွင့် ရကြပါသည်။ အင်္ဂလိပ်ဘာသာစကားကို နည်းလမ်းများစွာဖြင့် သင်ယူတတ်ကြပါသည်။
ပထမဆုံးအနေဖြင့် မူကြိုကျောင်းမှစတင်၍ အတွေ့အကြုံရှိသော ဆရာ/မများက အင်္ဂလိပ်ဘာသာအတွက် ရည်ရွယ်ထားသော ဘာသာစကားအတန်းများကို တစ်ပတ် ၃ နာရီ သင်ကြားပေးပါသည်။ အသက်အရွယ်အလိုက် "အခြေခံ" နှင့် "အဆင့်မြင့်" ဟူ၍ အဆင့်များရှိပါသည်။
သည့်အပြင် မူလတန်းတွင်အချို့သော ဘာသာရပ်များ (သင်္ချာ သို့မဟုတ် P.E. ကဲ့သို့သော) ဘာသာရပ်များကို တစ်ပတ်လျှင် ၂ နာရီ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးပြီး စုစုပေါင်း ၅ နာရီကြာ သင်ကြားပေးပါသည်။
စာသင်ခန်းများထဲတွင် ကလေးများနှင့် ဆရာများကြား လိုအပ်သည့်အချိန်များတွင် အင်္ဂလိပ်စကားနှင့်လည်း တစ်နေ့တာလုံး ပြောဆိုနိုင်သောကြောင့် ပြင်သစ်စကားကို ကောင်းစွာနားမလည်သည့် ကလေးများအားလည်းနောက်မကျန်ရစ်စေရပါ။
နောက်ဆုံးအနေဖြင့် ကျောင်းအတန်းများ အပြီးတွင် သင်ရိုးညွှန်းတမ်းပြင်ပ ဗဟုသုတသင်ကြားမှုများကို စီစဉ်ပေးပါသည်။ ကလေးများသည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးသည့် အနုပညာနှင့် အားကစားမျိုးစုံ အတန်းများစွာကို တက်ရောက်သင်ယူနိုင်ပါသည်။
မြန်မာ
မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအားမူကြိုပထမနှစ်မှစ၍ ကျောင်းသား/သူများအား တစ်ပတ်လျှင် ၁ နာရီကြာ သင်ကြားပေးပါသည်။ မြန်မာကလေးငယ်များ နိုင်ငံတကာပတ်ဝန်းကျင်သစ်တွင် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးရန် ပြင်သစ်ဘာသာစကားတတ်ကျွမ်းသူ မြန်မာလူမျိုး ဆရာမအားခန့်ထားလျှက်အတန်းတိုင်းအတွက်သင်ကြားပို့ချလျှက်ရှိပါသည်။
ကျောင်း၌သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် သင်္ကြန်ရေသဘင်ပွဲတော်ကို အထူးစီစဉ်ကျင်းပပေးပါသည်။
အခြားဘာသာစကားများ
အထက်တန်းကျောင်း (အသက် ၁၁-၁၂နှစ်) မှစတင်၍ ကျောင်းသား/သူများသည် အနည်းဆုံး အခြားနိုင်ငံခြားဘာသာစကားတစ်ခု (များသောအားဖြင့် စပိန် သို့မဟုတ် ဂျာမန်ဘာသာစကား)ကို သင်ယူကြသည်။ ကျောင်းသား/သူများသည် ကျောင်း၏ပံ့ပိုးကူညီမှုဖြင့် CNED မှတစ်ဆင့် အခြားဘာသာစကားကို လွတ်လပ်စွာ သင်ယူနိုင်သည် (အသေးစိတ်အချက်အလက်များအတွက် ကျောင်းရုံးကို ဆက်သွယ်စုံစမ်းပါ)။
ဘာသာစကားကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ
ကလေးများသည် အင်္ဂလိပ် (Cambridge လက်မှတ်များ) နှင့် ပြင်သစ် (DELF Prim / Junior) ဘာသာစကား ကျွမ်းကျင်မှု လက်မှတ်များအတွက် ပြင်ဆင်ပြီး ဖြစ်နေပါသည်။ ဘာသာစကား အသိအမှတ်ပြုလက်မှတ်များအကြောင်းနှင့်ပက်သက်ပြီးပိုမိုသိရှိလိုပါက လင့်ခ်ကိုနှိပ်ပါ။