အလယ်တန်းနှင့်အထက်တန်း

အလယ်တန်းကျောင်း (collège) နှင့် အထက်တန်းကျောင်း (lycée) သည် များသောအားဖြင့် အသက် ၁၁ နှစ်မှ ၁၈ နှစ်ကြားဖြစ်သည်။

အလယ်တန်းကျောင်းကို ၂၀၂၃ခုနှစ်မစတင်ဖွင့်လှစ်ပြီး အလယ်တန်း(ပြင်သစ်စနစ် 6ème / အမေရိကန်စနစ် grade 6 / ယူကေစနစ် year 7) မှစတင်ကာဆက်လက်၍ဖွင့်လှစ်သွားပါမည်။

ပြင်သစ်နိုင်ငံမှစစ်ဆေးထိန်းကွပ်သော အဝေးသင်ပညာရေးစနစ် CNED ဖြင့်စတင်သည့် အစပထမနှစ်တွင် ပြင်သစ်မှပံ့ပိုးသည့်သင်ထောက်ကူများဖြင့်အတန်းတွင်းတွင် ပို့ချလျှက်ရှိပြီး အဖြေလွှာ assignment များအားပြင်သစ်မှတိုက်ရိုက်စစ်ဆေးပါသည်။

အလယ်တန်းသင်ရိုးပရိုဂရမ်

ပြင်သစ်ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ မူလတန်းနှင့်အလယ်တန်းတို့တွင်ပညာရေး၏အခြေခံသင်ရိုးတွင်ပါဝင်သောဗဟုသုတများ၊စွမ်းဆောင်ရည်များ၊တန်ဖိုးထားမှုများနှင့်သဘောထားများသင်ကြားပေးသည်။ အဓိကအားဖြင့် အခန်းကဏ္ဌ၅ခုပါဝင်သည်။

  • ဘာသာစကားများသင်ယူခြင်း-တွေးခေါ်တတ်စေရန်နှင့်ဆက်သွယ်ပြောဆိုနိုင်ရန်
  • လေ့လာသင်ယူခြင်းအတွက် အသုံးကျမည့်နည်းစနစ်များနှင့်နည်းလမ်းများသင်ယူခြင်း
  • ကျင့်၀တ်ကောင်းသူတယောက်ဖြစ်လာရန်ပျိုးထောင်ခြင်း
  • သဘာဝတရားဆိုင်ရာ၊နည်းပညာဆိုင်ရာစနစ်များသင်ယူခြင်း
  • လူမှုဝန်းကျင်နှင့် လှုပ်ရှားမှုများအပေါ်ရှုမြင်သုံးသပ်မှုအမြင်များသင်ယူခြင်း

အလယ်တန်းကျောင်း

အလယ်တန်းကျောင်းပထမအစနှစ်သည် မူလတန်းမှကူးပြောင်းသည့်ကာလဖြစ်သည့် အားလျှော်စွာမူလတန်းမှသင်ယူခဲ့သည့်ဗဟုသုတနှစ်အတတ်ပညာများအားထပ်ဖြည့်စွက်သည့်အပြင်မိမိကိုယ်ကိုအားကိုးလျှက်သင်ယူလေ့လာတတ် စေရန်ပြင်ဆင်ပေးသည်။ ဆက်လက်သင်ကြားရမည့် 5ème မှ3ème နှစ်များတွင် ပိုမိုနက်နဲသည့် ဘာသာရပ်အမျိုးမျိုးသင်ကြားရင်းကျောင်းသား/သူများအသိပညာအတတ်ပညာပိုမိုတိုးလာပါမည်။
အလယ်တန်းနှင့်အထက်တန်းသင်ကြားရာ၀ယ်ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း၊ဆင်ခြင်သုံးသပ်နိုင် စွမ်းတို့အပြင်စူးစမ်းလေ့လာခြင်း၊လက်တွေ့စမ်းသပ်မှုမျာများ၊ကိုယ်ခြင်းစာစိတ်စွမ်းရည်၊ကာယစွမ်းရည်နှင့်ဉာဏဆိုင်ရာဖန်တီးနိုင်စွမ်းတို့အတွက်လည်းလေ့ကျင့်ပြင်ဆင်ပေးပါသည်။

အလယ်တန်းစာသင်ချိန်များအား ယေဘူယျအားဖြင့်ဘာသာရပ်အလိုက်အောက်ပါအတိုင်းခွဲခြား ထားသည်။

အထက်တန်းကျောင်း

အထက်တန်း၏အစပထမနှစ်သည်လည်းအလယ်တန်းအဆင့်တွင်သင်ကြားခဲ့သည့်ယေဘူယျကျသည့် သင်ယူမှုများမှတဆင့်အထက်တန်း၏ကျန်ရှိသောနှစ်များတွင်မိမိတို့ကြိုက်နှစ်သက်ရာအထူးပြုများအတွက်ရွေးချယ်ပြင်ဆင်ချိန်ဖြစ်သည်။

အထက်တန်း၏ပထမဆုံးနှင့်အဆုံးပိတ်ကာလတွင် အဓိကဘာသာရပ်များ၊ အထူးပြုဘာသာရပ်များနှင့်အထူးပြုရွေးချယ်ရသောပညာရပ်ဆိုင်ရာများပါဝင်သည်။

အဓိကဘာသာရပ်များတွင် - ပြင်သစ်ဘာသာနှင့်ဘာသာစကားများ၊ ဒဿနိကဗေဒ၊ ပထဝီဝင်-သမိုင်း၊သိပ္ပံ၊အားကစားနှင့်ပြည်သူ့နီတိ များပါဝင်သည်။

ထို့အပြင် အထူးပြုဘာသာရပ်၂မျိုး(သို့)၃မျိုးအားရွေးချယ်စေခြင်းဖြင့် ကျောင်းသား/သူများအဆင့်မြင့်ပညာရေးစနစ်အတွက်ဆက်လက်ရွေးချယ်ရမည့်အထူးပြုဘာသာရပ်အတွက် သိရှိသင့်သည့်ဗဟုသုတ၊ပညာရပ်ဘာသာစကားများအားတဖြေးဖြေးနားလည်တတ်ကျွမ်းလာစေရန်လေ့ကျင့်ပေးသည်။

အထက်တန်းကျောင်းပြီးလျှင်ကျောင်းသား/သူများအကောင်းဆုံးတက္ကသိုလ်များလျှောက်ထားနိုင်ရန်လိုအပ်သည့် အထင်ကရ Baccalauréat ဒီပလိုမာရရှိသည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.