မိဘများမှ သူတို့၏အတွေ့အကြုံများကို ဝေမျှလိုက်ပါသည်။
ပြင်သစ်ကျောင်းကိုရွေးချယ်ရခြင်းအကြောင်းကသူတို့လွယ်လွယ်နဲ့လက်မလျှော့ကြလို့ပါ။
ရန်ကုန်မြို့တွင်းကျောင်းတိုင်းလိုလိုပိတ်ဖို့ပြင်ဆင်နေချိန်မှာပြင်သစ်ကျောင်းကရတဲ့နည်းနဲ့ရှေ့ဆက်ကြတယ်-ဒီစိတ်ဓါတ်ကိုကျွန်မသဘောကျတာပါ။
ကျွန်မရဲ့သမီးက ဘဲလေးအကသိပ်ကိုဝါသနာပါပါတယ်၊ အခုဆိုသူမကဘာသာစကားအသစ်သင်ယူရင်း ဘဲလေးအကနဲ့သက်ဆိုင်သမျှလှပတဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရပြီလေ။
ပြင်သစ်တို့ရဲ့ယဉ်ကျေးမှုအပေါ်နဲ့ဘဝအပေါ်စိတ်အားထက်သန်ပုံတွေကိုကျွန်မသိမြင်လာရတယ်။ ပြီးတော့ဒီကျောင်းရဲ့အောင်မြင်မှုဟာကျောင်းမှာအလုပ်လုပ်သူတွေရဲ့နှလုံးသားကလာတာပဲ။
ပြင်သစ်စကားမှာ “La passion a toujours raison” (စိတ်အားထက်သန်မှုမှာအမြဲတမ်းအရင်းစစ်ခံအမှန်တရားရှိတယ်)
ကျွန်မသမီးလေးတက်တက်ကြွကြွကျောင်းသွားရင်းအဲ့ဒီ အရင်းစစ်ခံအမှန်တရားကိုသိမြင်ခွင့်ရမှာမို့ ကျေနပ်ဂုဏ်ယူမိပါတယ်။
Tom C.&H
CM1/ Grade 4, USA အမေရိကန်လူမျိုးကျောင်းသားမိဘ