ပြင်သစ်စကားမတတ်မြောက်သေးသူများအတွက်

ပြင်သစ်ဘာသာစကားမတတ်မြောက်သေးသည့်မိမိတို့သားသမီးများအတွက်ကျောင်းအပ်ချင်လျှင်မည်သို့ ဆောင်ရွက်သင့်ပါသလဲ။

LFIR တွင်မည်သည့်နိုင်ငံ၊မည်သည့်အလွှာမှမဆို ကျောင်းသား/သူအဖြစ်လက်ခံအပ်နှံပါသည်။ မိသားစုအများစုသည် ပြင်သစ်စကား မပြောကြသောကြောင့် ကျောင်းစတက်ချိန်တွင် ကျောင်းသား/သူအများစုမှာ ပြင်သစ်ဘာသာစကားကို အနည်းငယ်မျှပင် မသိကြပါ။ သင်ကြားမှုများတွင် အင်္ဂလိပ်နှင့်မြန်မာဘာသာစကားများကိုလိုအပ်မည့်အခါထည့်သွင်းရှင်းပြနိုင်သည့် လုပ်သက်အအတွေ့အကြုံရှိသည့်ဆရာ/မများ၏ပံ့ပိုးမှုကြောင့်ကလေးများသင်ယူမှုတွင်အခက်အခဲနည်းစွာဖြင့်စာလိုက်နိုင်ကြပေသည်။ သင်ယူလိုစိတ်ကိုနှိုးဆော်ပေးသည့် ပံ့ပိုးမှုပေးသည့်၀န်းကျင်တွင် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့်ဆက်ဆံပြောဆိုတတ်ခြင်းကိုအချိန်တိုအတွင်းရရှိလာကြပေသည်။

ကျောင်းတွင်းသင်ကြားမှုအပြင် ပြင်သစ်ဘာသာစကားသင်ယူခြင်းထိ ရောက်စေရန်အတွက် French Institute in Myanmar တွင် သင်ကြားပေးသော အတန်းများအခမဲ့တက်ရောက်ခွင့်ရှိသည်။

ပြင်သစ်စကားမပြောသူများအတွက်ပရိုဂရမ်များ

ပြင်သစ်ဘာသာစကားမတတ်သူများအတွက်FLE/FLSco (ပြင်သစ်ဘာသာစကားကိုနိုင်ငံခြားဘာသာစကားဖြင့်သင်ကြားခြင်း/ ပြင်သစ်ကျောင်းသုံးဘာသာစကားသင်ကြားခြင်း) ပရိုဂရမ်များဖြင့် အချိန်တိုအတွင်းထိရောက်သည့်သင်တန်းများဖြင့်သင်ကြားပေးသည်။ ပြင်သစ်စကားနှင့်လုံးဝအထိအတွေ့မရှိသေးသူများအတွက်ရည်ရွယ်၍သင်ကြားပေးသောကြောင့် ပြင်သစ်စကားကိုသင်ယူတတ်မြောက်ပြီးပြောဆို အသုံးပြု နေသော ကျောင်းသား/သူများ အတွက်မဟုတ်ပါ။

စတင်သင်ယူသူများအတွက်ဘာသာစကားကိုအချိန်တိုအတွင်းထိရောက်စွာသင်ကြားသည့်ပရိုဂရမ်မှာ စာသင်ကြားချိန်များတွင်ပါဖြည့်စွက်သင်ကြားပေးပါသည်။ မိမိတို့ကလေးများ ဘာသာစကားလျှင်မြန်စွာတတ်မြောက်မှုအတွက် မိဘများပင်အံ့အားသင့်ရပေသည်။

ကလေးငယ်များ၏သင်ယူနိုင်စွမ်း၊တဦးချင်းစီလိုအပ်ချက်များအပေါ်မူတည်၍အတန်းပိုင်ဆရာ/ဆရာမများဖြင့်တိုင်ပင်ဆွေးနွေးကာပံ့ပိုးမှုပေးသည့်ပရိုဂရမ်ဖြစ်သည်။ အခြေခံစကားပြောအတွက်လိုအပ်မည့် စကားပြောစွမ်းရည်နှင့်နားထောင်စွမ်းရည်များကိုဖြည့်ဆည်းပေးနိုင်ရန်ဦးစားပေးကာ ဘာသာစကားအခြေခံအဆင့်ကိုကျောင်းသား/သူများတတ်မြောက်စေရန်ရည်ရွယ်သည်။ တက်ကြွစွာသင်ယူခြင်းအတွက်ပံ့ပိုးမှုဖြစ်စေရန်အဖွဲ့ငယ်များခွဲပြီးထိရောက်စွာသင်ကြားပါသည်။

Why learn French ? For communication, diplomacy, business, study, and culture.

ပြင်သစ်စာသင်ကြားခြင်းလွယ်ကူပါသလား။

အင်္ဂလိပ်ဘာသာစကားတတ်မြောက်ထားပြီးသူအတွက်ပြင်သစ်ဘာသာစကားမှာတတ် မြောက်ရန်အလွန်လွယ်ကူပါသည်။ ဝါကျတည်ဆောက်ပုံ၊ Alphabet အက္ခရာတူညီမှုများရှိခြင်း၊ အင်္ဂလိပ်ဘာသာစကားထက်၀က်မှာပြင်သစ်နှင့်လက်တင်ဘသာာစကားဝေါဟာရများ မူရင်းခံပြီး ဆင်းသက်လာခြင်း၊ ဘာသာစကား၏သုံးပုံတပုံမှာပြင်သစ်ဘာသာစကားမှတိုက်ရိုက်ဆင်းသက်လာခြင်းတို့ ကြောင့်လည်းဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားတွင် ရုံးသုံး ဝေါဟာရအများစုမှာပြင်သစ်ဘာသာစကားကိုမြစ်ဖျားခံထားသည်။သို့ပါ၍ ပြင်သစ်ဘာသာစကားသင်ယူခြင်းသည် အင်္ဂလိပ်ဘာသာစကားတိုးတက်ခြင်းအတွက်များစွာအကျိုးဖြစ်ထွန်းသည်။

မိမိတို့သား/သမီးများ အင်္ဂလိပ်ဘာသာစကားဆက်လက်သင်ယူရပါမည်လား။

ကျောင်းနေအရွယ် ကလေးအများစုမှာကျောင်းတက် ရောက်ချိန်တွင် အင်္ဂလိပ်ဘာသာစကားကိုတတ်ပြီးသူများဖြစ်ကြသည်။ နေ့စဉ်အင်္ဂလိပ်ဘာသာစကားကိုကြားခံနယ်ထား၍သူငယ်ချင်းများနှင့် ဆက်ဆံပြောဆိုခြင်း၊ပုံပြင်နှင့်အခြားစာအုပ်များဖတ်ခြင်း၊ ကစားခြင်းများတွင် အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုကြသည်။

ကျောင်းရှိ အင်္ဂလိပ်စကားနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဤနေရာတွင် ကြည့်ရှုပေးပါ။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Registration is now OPEN for the 2024-2025 school year !

Admission requirements can be found here.

For more information about application or registration, please click here.

LFIR – French International School of Yangon  : Yangon’s most international school