မူကြိုတန်းအတွက်အသက်၂နှစ်မှ၅နှစ်အတွင်းကလေးငယ်များကိုလိုအပ်ချက်များနှင့်၊အချက်အလက် များဆီလျော်သည့်အတိုင်း လက်ခံပါသည်။ အသက်၂နှစ်ကလေးငယ်များမနက်တပိုင်း ၈နာရီမှ၁၂နာရီအထိစတင်တက် ရာက်နိုင်ပြီး မိဘများ၏တောင်းဆိုချက်၊ အတန်းပိုင်ဆရာ/မ ၏အဆိုပြုချက်အရ ၂နာရီ၄၅မိနစ်အထိကျောင်းတက်နိုင်ပါသည်။
ပြင်သစ်နိုင်ငံတကာကျောင်းမှမူကြို
မူကြိုအတန်းသင်ကြားခြင်းတွင် ကလေးများသဘာဝအလျောက်ဖွံ့ဖြိုးများဖြစ်သော စူးစမ်းလိုစိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်၊ဖန်တီးဉာဏ်သန်စွမ်းရေးတို့အတွက်အဓိကထားသည်။ ဂိမ်းများ၊လက်တွေ့စမ်းသပ်ချက်များမှတဆင့်အရေး၊အဖတ်၊အပြောဘာသာစကားစွမ်းရည် များကိုသင်ယူစေသည်။
ကျောင်းသား/သူများအတွက်တဦးချင်းပံ့ပိုးမှုပေးနိုင်စေရေးနှင့်ထိရောက်အကျိုးရှိ စေရေး အတွက်အတန်းတတန်းတွင် ကျောင်းသားဦးရေအနည်းငယ်ကိုသာလက်ခံထားရှိသည်။
နှစ်တိုင်းတွင် ယဉ်ကျေးမှုဆိုင်ရာ၊အားကစားဆိုင်ရာဖလှယ်ခြင်းအခွင့်အလမ်းအတွက်ရည်ရွယ်ပြီး ပွဲများကိုစီစဥ် ပေးသည်။ ကျောင်းသား/သူများ ဖန်တီးမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်လာမှု တို့အား ကိုယ်တိုင်ပါ၀င် သရုပ်ဖော်မှုဖြင့်ဖော်ထုတ်ရင်း တင်ဆက်မှုများဖြင့်ပြသခွင့်ရကြသည်။
မူကြိုအတန်း၏တနေ့တာ
မူကြိုအတန်းကလေးများ၏တနေ့တာကိုနေ့စဉ်အလေ့အထသင်ယူဖွယ်ရာများ၊ကျရာတာဝန်ခွဲယူခြင်းတို့နှင့်စတင်လေ့ရှိသည်။ တနေ့တာလုံးတွင်ကလေးများဆော့ကစားရင်းသင်ယူရန်အတွက် တဦးချင်း၊အုပ်စုလိုက် ကစားနည်းများ၊လှုပ်ရှားမှုများ စီစဉ်ပြင်ဆင်ပေးထားသည်။
သစ်ပင်ပန်းမန်များနှင့်ကျယ်ဝန်းသောကစားကွင်းအတွင်းရှိဆော့ကစားရန်ပြင်ဆင်ထားသော ဝန်းကျင်တွင် စာသင်ခန်းပြင်ပသင်ယူလေ့လာခြင်းအတွက်ကလေးငယ်များပုံမှန်အပြင်ထွက်ရသည်။ ကလေးငယ်များမိမိခန္ဓာကိုယ်ဟန်ချက်ညီအောင်အထောက်အကူဖြစ်စေသည့် ကစားစရာများ ကစားပေးခြင်း ဖြင့်လည်းဟန်ချက်ညီအောင်ထိန်းညှိလာစေသည်။
တနေ့တာကျောင်းတက်ချိန်သည် နံနက်၈နာရီတွင်စတင်ပြီးနေ့လယ်၂:၄၅နာရီတွင်ပြီးဆုံးသည်။ နေ့လယ်ထမင်းစားချိန်မတိုင်မီ စာသင်ခန်းပြင်ပတွင် နားချိန်ပေး၍ဆော့ကစားစေသည်။ ဗုဒ္ဓဟူးနေ့အတွက် သင်ကြားချိန်မှာ နေ့တဝက်ဖြစ်သည့်အတွက်ကလေးငယ်များအနားယူချိန်ရသည်။ ကျောင်းချိန်ပြင်ပအတန်းများ ကိုမူနေ့စဉ်တိုင်းလိုဖွင့်လှစ်ပေးထားသည်။
တပတ်လျှင်စာသင်ကြားချိန် ၂၇ နာရီဖြစ်ပြီး၊တနှစ်ပတ်လုံးအတွက် ၈၆၄နာရီဖြစ်သည်။ ယေဘူယျအချိန်ဇယားကိုဖတ်ရှုရန်
မူကြိုပရိုဂရမ်
ပြင်သစ်ပညာရေးစနစ်တွင်၃နှစ်အရွယ်မှစ၍ကျောင်းတွင်အတန်းပညာစတင်သင်ကြားရခြင်းမှာမဖြစ်မနေဖြစ်သည်။ ပြင်သစ်ပရိုဂရမ်မှာ မူကြိုတန်းမှစ၍အတန်းများအားလုံးအတွက်ပါဝင်သည်။ အဆိုပါပရိုဂရမ်အရ မူကြိုအတန်းသည်မူလတန်းတက်ရောက်သင်ကြားရာတွင်လိုအပ်မည့်လက်တွေ့ကျသည့်ဗဟုသုတများသင်ကြားပေးခြင်း၊လူမှုဘဝအတွက်အခြေခံလိုအပ်မည့်အချက်များကိုသင်ကြားပေးခြင်းဖြင့်ပြင်ဆင်ပေးသည်။
အဓိကအားဖြင့် ဘာသာစကားကြွယ်ဝမှု၊အာရုံခံနိုင်စွမ်း၊ အာရုံကြောဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင် ရာအလုပ်လုပ်နိုင်စွမ်းရည်နှင့်လူမှုအသိုင်းအဝိုင်းနှင့်ထိတွေ့ဆက်ဆံနိုင်စွမ်းတို့ ကိုကြင်နာဖေးမ စွာကူညီခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်စေသည်။
ကလေးသဘာဝအတိုင်းဖွံ့ဖြိုးတိုးတက်မှုဖြင့်ဆီလျော်စွာသင်ကြားခြင်းပရိုဂရမ်ကို အဓိကအပိုင်း၅ပိုင်းခွဲထားရာ
- ဘာသာစကား
- ကိုယ်လက်လှုပ်ရှားအားကစားဖြင့်ဖော်ပြခြင်း
- အနုပညာဖြင့်ဖော်ပြခြင်း
- သ င်္ချာဆိုင်ရာအခြေခံအချက်များ
- ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုများ