ကျောင်းလခ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းလခများနှင့် ငွေပေးချေမှုအတွက် သိကောင်းစရာ အချက်များ

ကျောင်းအပ်မှတ်ပုံတင်ကြေး သိကောင်းစရာ

  • ဤသည်မှာ LFIR တွင် ကလေးတစ်ဦးကို ပထမဆုံး ကျောင်းအပ်မှတ်ပုံတင်သည့်အခါ တစ်ကြိမ်သာပေးရသော ကျောင်းအပ်ကြေး ပေးချေမှုဖြစ်ပါသည်။
  • ကလေးသည် LFIR မှ ထွက်သွားပြီး နောက်ရက်များတွင် ပြန်လည်ကျောင်းအပ်မှတ်ပုံတင်မည်ဆိုပါက ကျောင်းအပ်ကြေး ထပ်မံပေးဆောင်ရမည်ဖြစ်ပါသည်။
  • ကျောင်းအပ်မှတ်ပုံတင်ကြေးကို ပြန်၍မအမ်းပါ။

ကျောင်းလခအကြောင်း သိကောင်းစရာ

* "ပုဂ္ဂလိက" နှုန်းသည် ၎င်းတို့၏အလုပ်ရှင်များထံမှ အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရရှိသော မိသားစုများအတွက် အကျုံးဝင်သည် သို့မဟုတ် ၃၈% အထိ အကျိုးခံစားခွင့် လက်ခံရရှိသည့် မိသားစုများအတွက်ဖြစ်သည်။ အလုပ်ရှင်များထံမှ အကျိုးခံစားခွင့် လက်ခံရရှိသည့် မိသားစုများသည် ထိုအလုပ်မှ ကျမ်းသစ္စာကျိန်ဆိုချက်တစ်ခုကို ပူးတွဲတင်ပြရန် လိုအပ်ပါသည်။ 

** "အလုပ်ရှင်ပါဝင်မှု" နှုန်းသည် အလုပ်ရှင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ ကလေးကျောင်းလခ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ရာနှုန်းပြည့်၊ ကျောင်းလခ ၃၈% ထက်ကျော်၍ အကျိုးခံစားခွင့်ကို လက်ခံထားသည့် မိသားစုများအတွက် အကျုံးဝင်သည်။

  • LFIR သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျောင်း၏ ကျောင်းလခများသည် ကျောင်း၀င်ငွေစုစုပေါင်းကို ကိုယ်စားပြုပြီး အခါအခွင့်သင့်တိုင်း ကျောင်း၏လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်များကို ကာမိစေရန် အသုံးပြုပါသည်။

ကျောင်းလခ ငွေပေးချေမှု စည်းကမ်းချက်များ

  • ကျောင်းလခကို နေရာအနှံ့လက်ခံသော USဒေါ်လာအား ငွေသားဖြင့်ဖြစ်စေ သို့မဟုတ် ကျောင်း၏ ဘဏ်အကောင့်တစ်ခုခုသို့ဖြစ်စေလွှဲပေးခြင်းဖြင့် ပေးသွင်းပါ။
  • တစ်နှစ်လျှင် အပိုဝန်ဆောင်ခ ဒေါ်လာ၅၀ဖြင့် ကျောင်းလခ ငွေပေးချေမှုကို ၃ကြိမ်ခွဲ၍ ပြုလုပ်နိုင်ပါသည် (အခြားအစီအစဉ်များအတွက် ကျောင်းကိုဆက်သွယ်ပါ)။

ကျောင်းလခငွေပေးချေမှု နောက်ကျခြင်း

  • ကျောင်းလခငွေပေးချေမှု နောက်ကျပါက ဒဏ်ကြေးအတိုးနှုန်း (စုစုပေါင်း ပေးချေရမည့် ကျောင်းလခ ပမာဏ၏ ၅%) ကို ကောက်ခံပါသည်။

လျှော့စျေးများနှင့် အကျိုးခံစားခွင့်များ

  • Early payment : a 5% discount is offered for full payment in USD / EUR before June 1st 2024.
  • မွေးချင်းလျှော့စျေး၊ LFIR တွင်စာရင်းသွင်းထားသော ၃ယောက်မြောက် ကလေးအတွက် ကျူရှင်ကျောင်းလခအပေါ် ၁၅% စျေးလျှော့ပေးပါသည်။ ဤလျှော့စျေးသည် အငယ်ဆုံးကလေးအတွက်ဖြစ်သည်။
  • IFB (Institut Français de Birmanie / French Institute, Myanmar) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ LFIR တွင် စာရင်းသွင်းထားပြီး ပြင်သစ်စကား မပြောတတ်သော မည်သည့်ကျောင်းသား/သူမဆို IFB မှ ဒေါ်လာ၆၀၀တန် အခမဲ့ ပြင်သစ်စကားပြောသင်တန်းများကို ရရှိပါမည်။

အခြားအခကြေးငွေကောက်ခံမှုများ

  • လူမှုရေးအထောက်အပံ့ရန်ပုံငွေ၊ LFIR လူမှုရေးရန်ပုံငွေသည် ငွေကြေးအခက်အခဲကြုံတွေ့နေရသော မိသားစုများအား ကျောင်းလခနှင့် ကျောင်းစရိတ်များကို လိုအပ်လျှင် လိုအပ်သလို ကူညီပေးရန် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ ကလေးတစ်ဦးချင်းစီ၏ တစ်နှစ်စာကျောင်းလခကို အပိုငွေ ဒေါ်လာ၅၀ ထပ်ဆောင်းကောက်ခံပြီး ဤရန်ပုံငွေအား မတည်ထားခြင်း ဖြစ်ပါသည်။
  • နိုင်ငံသားတာဝန်ယူမှုအာမခံ၊ နိုင်ငံသားတာဝန်ယူမှုအာမခံသည် ကလေးတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရပါမည်။ ကလေးတစ်ဦးချင်းစီ၏ ကျောင်းလခကို အပိုငွေ ဒေါ်လာ၅၀ ထပ်ဆောင်းကောက်ခံပြီး LFIR သည် ကလေးကိုယ်စား အာမခံကြေး စာရင်းပေးသွင်းနိုင်ပါသည်။
  • စာမေးပွဲများ၊ ပြင်သစ်နိုင်ငံတွင်း စာမေးပွဲများအတွက် မှတ်ပုံတင်ကြေးသည် ကျောင်းလခတွင် ပါဝင်ပါသည်။
  • ဘာသာစကား အသိအမှတ်ပြုလက်မှတ်များအတွက် (ဥပမာ DELF သို့မဟုတ် Cambridge ကဲ့သို့) ကုန်ကျငွေများသည် ကျောင်းလခထဲတွင် မပါဝင်ပါ။ LFIR ကျောင်းသား/သူများသည် ပြင်သစ်ဘာသာစကား တတ်ကျွမ်းမှု အသိအမှတ်ပြုလက်မှတ်များအတွက် အထူးလျှော့စျေး ရရှိပါသည်။
  • ကျောင်းဝတ်စုံယူနီဖောင်း၊ ပြင်သစ်နိုင်ငံတွင် ကျောင်းဝတ်စုံယူနီဖောင်း ဝတ်စရာမလိုသလို ဤကျောင်းတွင်လည်း မလိုပါ။ ကလေးများအဆင်ပြေကျောင်းအင်္ကျီအဝတ်အစား ဝတ်နိုင်ပါသည်။

The full financial terms & conditions can be downloaded here (English or French):

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Registration is now OPEN for the 2024-2025 school year !

Admission requirements can be found here.

For more information about application or registration, please click here.

LFIR – French International School of Yangon  : Yangon’s most international school