ကြိုဆိုပါတယ် !

LFIR ဒါရိုက်တာ Valérie Legueux ထံမှ သတင်းစကား

LFIR ဟာ ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFE (Agency for French Education) ကအတည်ပြုထားတဲ့ ပြင်သစ်သင်ရိုးညွှန်းတမ်းနဲ့အညီ မူကြို မှစပြီး တာ၀န်ယူသင်ကြားပေးနေပါတယ်။ ဒါကြောင့် ဘာသာစကားမျိုးစုံပြောဆိုနေကြတဲ့ပတ်ဝန်းကျင်မှာ ကလေးအယောက်တိုင်းဟာအင်္ဂလိပ်ဘာသာစကားကိုအသေအချာတတ်ကျွမ်း၊ ဗမာဘာသာစကားအခြေခံကောင်းလည်းရသွားပြီးအောင်မြင်စွာရှင်သန်နိုင်မှာပါ။ ပြင်သစ်စကားမပြောတတ်သေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကို စာသင်နှစ်တစ်လျှောက်လုံး သီးသန့်ပံ့ပိုးမှု့တွေပေးပြီး ပြင်သစ်စကားကို ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် လေ့ကျင့်ပေးပါတယ်၊၊

သင်ကြားရေးအဖွဲ့အနေနဲ့ ကျောင်းသား၊ကျောင်းသူတွေ နိုးကြားတက်ကြွအောင်၊ ကွဲပြားခြားနားတဲ့ ဓလေ့ထုံးစံတွေကို နားလည်သဘောပေါက်လာအောင် သင့်တော်တဲ့ နည်းလမ်း၊သင်ထောက်ကူ ပစ္စည်းတွေကိုအသုံးပြုပြီးကျောသားရင်သားမခွဲခြားဘဲ သင်ကြားပြသပေးနေတာပါ။


ကျွန်မတို့ရဲ့ကျောင်းက ကလေးတွေ သူတို့လျှောက်လှမ်းရမယ့် ပညာရေးခရီးမှာ လိမ္မာယဉ်ကျေးပြီးနိုးကြားတက်ကြွလာအောင်သင်ကြားပေးနေပါတယ်။ ဒါ့အပြင်အသင်းအဖွဲ့နဲ့အတူဆောင်ရွက်ရတဲ့လေ့လာသင်ကြားတဲ့အတွေ့အကြုံတွေ( စာနာထောက်ထားမှု၊ အတန်းအချင်းချင်း ယိုင်းပင်းကူညီဆက်နွယ်မှု)ကို အထူးအလေးပေးဖန်တီးပေးနေပါတယ်။


ကျွန်မတို့ကျောင်းရဲ့ ရပ်တည်မှုမှာ သင်ကြားသူကဏ္ဍ ဘယ်လောက်တောင် အရေးပါသလဲဆိုရင် မူလတန်းအရွယ်ကတည်းကသူတို့ကျောင်းရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ကလေးကောင်စီအနေနဲ့ ပါဝင်ကြပါတယ်။

LFIR

ကမ္ဘာတဝှမ်းလုံးနှင့်ပေါင်းကူးပေးမည့်လက်မှတ်

THE LFIR – French International School of Yangon သည် အကျိုးအမြတ်မယူသည့် အရည်အသွေးမြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFE (Agency for French Education Abroad) အသင်းဝင်အနေဖြင့်ပြင်သစ်ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည်။ နိုင်ငံပေါင်း ၁၃၉ နိုင်ငံရှိ ပြင်သစ်နိုင်ငံတကာကျောင်းပေါင်း ၅၈၀ ကျောင်းများကွန်ယက် နှင့်ချိတ်ဆက်ထားပါသည်။ ပြင်သစ်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင် ပြင်သစ်သင်ရိုးညွှန်းတန်းလက်ကိုင်ကာနိုင်ငံတကာယဉ်ကျေးမှုနှင့်လိုက်လျောညီထွေသင်ကြားပေးပါသည်။

ကိန်းကဏန်းများအားဖြင့်LFIR

0 %
နိုင်ငံတကာကျောင်းသူ/သားများ
0
လူမျိုးများ
0
သင်ကြားသောဘာသာစကားများ
0
အကျိုးအမြတ်

LFIR၊
ကမ္ဘာနှင့်ပေါင်းကူး
ပေးမည့်လက်မှတ်

ကျွန်ုပ်တို့၏ကျောင်းသည် အမှန်တကယ် နိုင်ငံတကာမှ ဖြစ်သည်- ကျွန်ုပ်တို့သည် လက်ရှိတွင် လူမျိုးပေါင်း 15 မျိုးဖြင့် ပြည်တွင်း၊ လူမျိုးစုနှင့် နိုင်ငံတကာ မိသားစုများမှ ကျောင်းသားများကို ကြိုဆိုပါသည်။ ထို့အပြင် AEFE (Association for French Education Abroad) နှင့် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်ုပ်တို့ သင်ကြားသည့် ပြင်သစ်သင်ရိုးညွှန်းတမ်းသည် ဤ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားမျိုးစုံသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေပါသည်။

ထို့အပြင် ပြင်သစ်ပြည်ပြင်ပ ပညာရေးအေဂျင်စီ AEFE (Agency for French Education Abroad) နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် LFIR တွင်ပြင်သစ်နိုင်ငံမှသင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားပါသည်။
ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားပေါင်းစုံပတ်ဝန်းကျင် LFIR လက်ကိုင်စွဲသည့်သင်ရိုးညွှန်းတမ်းမှာ ယနေ့လက်ရှိကမ္ဘာ အတွက်မရှိမဖြစ်လိုအပ်သည့် ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားမျိုးစုံသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေမည့်အရည်အချင်းများအတွက်ပြင်ဆင်ပေးသည်။

ပျုငှါနွေးထွေးပြီးပျော်ရွှင်စရာပတ်၀န်းကျင်တွင် တဦးချင်းစီအတွက်လိုအပ်သည့်ပံ့ပိုးမှူများအတွက် ကျောင်းအဖွဲ့သားများအမြဲအသင့်ရှိနေပါသည်။ သို့ပါ၍စာသင်သားများအားလုံးပန်းလေးများအလားအတူတကွပွင့်လန်းကြပေမည်။

ပညာသင်ယူသည့်နေ့စဉ်နေ့တိုင်း ပျော်ရွှင်စရာအမှတ်တရများဖန်တီးပေးရာ ရန်ကုန်မြို့၏အ ချက်အချာနေရာရွှေတောင်ကြားရှိ ကျောင်းဝင်းလှလှလေးအတွင်းကို လာရောက်လည်ပတ်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ 

my_MMMY

Registration is now OPEN for the 2024-2025 school year !

Admission requirements can be found here.

For more information about application or registration, please click here.

LFIR – French International School of Yangon  : Yangon’s most international school