မူလတန်း

မူလတန်းတွင်အတန်းအဆင့်၅ဆင့် (CP မှ CM2အထိ) ပါဝင်သည်။ အမေရိကန်ပညာရေးနှင့်နှိုင်းယှဉ်လျှင် Grade 1မှ 5 အထိ၊ အင်္ဂလိပ်ပညာရေးအရ Year 2 to 6. စာသင်နှစ်တနှစ်လုံးအတွက်စာသင်ချိန်စုစုပေါင်း ၈၆၄နာရီဖြစ်ပြီး တပတ်လျှင်၂၇နာရီသင်ကြားပေးသည်။

ကျောင်းတနေ့တာကို နံက်၈နာရီတွင်စတင်ပြီးနေ့လယ်၂:၄၅နာရီတွင်ပြီးဆုံးသည်။ မနက်မုန့်စားချိန်နှင့်နေ့လယ်ထမင်းစားချိန်တို့ပါရှိသည်။ ဗုဒ္ဓဟူးနေ့မှာနေ့တဝက်ဖြစ်သည့်အတွက်ကလေးငယ်များအနားယူချိန်ရသည်။ ကျောင်းချိန်ပြင်ပအတန်းများ ကိုမူ ဗုဒ္ဓဟူးနေ့အပါအဝင်နေ့စဉ်တိုင်းလိုဖွင့်လှစ်ပေးထားသည်။

LFIR မူလတန်း

ကျောင်း၏အဓိကရည်ရွယ်ချက်မှာ တဦးချင်းစွမ်းဆောင်ရည်တိုးတက်ရန်နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိလာစေရန်ဖြစ်သည်။ အချင်းချင်းလေးစားသောဆက်ဆံရေးကိုအလေးပေးခြင်းဖြင့် ကျောင်းသား/သူများအမြင့်ဆုံးစွမ်းဆောင်နိုင်စွမ်းကိုရှာဖွေဖော်ထုတ်ရာ၌ပံ့ပိုးပေးရန်ဖြစ်သည်။

ခေတ်မှီသင်ရိုးညွှန်းတမ်းကိုလက်စွဲထားရင်း တနေ့တာသင်ကြားခြင်းကိုမတူညီသောလှုပ်ရှားမှုများနှင့် နိုးကြားတက်ကြွစွာပါင်ဝင်စေသည့်အပြင်၊အသင်းအဖွဲ့နှင့်အတူလုပ်ဆောင်မှုများလည်းပါဝင်စေသည်။ စာသင်သားများအားကိုယ်ပိုင်လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းကိုမြှင့်တင်ပေးသည်။ ဤသို့ဖေးမပေးရင်း အလယ်တန်းကျောင်းစာသင်သားဘဝတွင်ကြုံရမည့်ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရလာစေရန် အတွက်ကြိုတင်ပြင်ဆင်ပေးသည်။

ကိုယ်လက်လှုပ်ရှားအားကစားမှာမူမူလတန်းပရိုဂရမ်အတွက်အခရာကျလေသည်။ စာသင်ခန်းပြင်ပရှိ အားကစားကွင်း၊ကျယ်ဝန်းသောကစားခုန်စားနေရာများ၌အားလပ်ချိန်ခဏတာများအချိန် ကုန်ဆုံးစေသည်။

မူလတန်းတွင် ဘာသာရပ်မျိုးစုံအတွက်အောက်ပါအတိုင်းအချိန်ခွဲခြားသတ်မှတ်လေသည်။

  • ပြင်သစ်ဘာသာ - ၉ နာရီ
  • အင်္ဂလိပ်ဘာသာ* - ၃ နာရီ
  • မြန်မာဘာသာ - ၁ နာရီ
  • သင်္ချာ - ၅ နာရီ
  • သိပ္ပံနှင့်နည်းပညာ - ၂ နာရီ
  • ပထဝီနှင့်သမိုင်း - ၂ နာရီ
  • ကိုယ်လက်လှုပ်ရှားအားကစား - ၃ နာရီ
  • အနုပညာ - ၂ နာရီ

မူလတန်းသင်ရိုးပရိုဂရမ်

ပြင်သစ်သင်ရိုးပရိုဂရမ်အရမူလတန်းတွင်အခြေခံအကျဆုံးသောအရေးအဖတ်၊ဂဏန်းသင်္ချာ၊ပြဿနာအဖြေ ရှာခြင်းများ တတ်မြောက်စေရေးအတွက်ရည်ရွယ်ပြီး လေ့ကျင့် ပေးသည်။ အလားတူပင်ဉာဏ်စွမ်းရည်၊အနုပညာကိုတွေ့ထိခံစားနိုင်စွမ်း၊အားကစားစိတ်ဓါတ်စွမ်းရည်များဖွံ့ဖြိုးလာစေရန်ဖြစ်သည်။

မွေးရပ်ဒေသမတူသူကလေးအချင်းချင်းမတူကွဲပြားမှုများအပေါ်သဘောပေါက်လျှက်အပြန်အလှန် လေးစားမှုကိုပေါ်ပေါက်စေသည်။ ထိုမှတဆင့် ကလေးအခွင့်အရေးနှင့် ယောက်ျား/မိန်းမတန်းတူ အခွင့်အရေးများအပေါ်လေးစားမှု၏ အရေးပါပုံကိုနားလည်စေရန်ဖြစ်သည်။

ပရိုဂရမ််မှာပြင်သစ်ပညာရေး၏အခြေခံသင်ရိုးတွင်ပါဝင်သောဗဟုသုတများ၊စွမ်းဆောင်ရည်များ၊တန်ဖိုးထားမှုများနှင့်ရှိသင့်သဘောထားများသင်ကြားပေးသည်။ ကလေးများယဉ်ကျေးသောနိုင်ငံသားကောင်းဖြစ်လာစေရေး၊အနာဂါတ်တွင်ကိုယ်ပိုင်ဘဝအောင်မြင်ရေးတို့အတွက်ရည်ရွယ်သည်။

မူလတန်းနှင့်အလယ်တန်း၊အထက်တန်းတလျှောက်သင်ကြားမှုအတွက်အောက်ပါအဓိကအားဖြင့် အခန်းကဏ္ဌ၅ခုပါဝင်သည်။

ဘာသာစကားအမျိုးအစား၄မျိုးကိုနားလည်စေရန်-ပြင်သစ်ဘာသာစကား၊နိုင်ငံခြားဘာသာစကားများ၊သိပ္ပံပညာရပ်ဆိုင်ရာဘာသာစကားများ၊င်္သချာဘာသာရပ်နှင့်နည်းပညာဆိုင်ရာဘာသာရပ်များအတွက် ဘာသာစကားများ၊အနုပညာနှင့်ခန္ဓာဗေဒဆိုင်ရာပညာရပ်ဘာသာစကားများပါဝင်သည်။

တဦးခြင်း (သို့မဟုတ်) အဖွဲ့လိုက် သင်ယူခြင်းအတတ်ကိုသင်ယူရန်- သတင်းအချက်အလက်များရယူခြင်းနှင့်သိမ်းဆည်းခြင်းအတွက်-ကွန်ပြူတာစနစ်အသုံးချခြင်း၊သင်ယူခြင်းများ တွင်တဦးခြင်းနှင့်စုပေါင်းပရောဂျက်များလုပ်ဆောင်စေခြင်းများပါဝင်သည်။

အခြေခံကျသောတန်ဖိုးထားမှု၊မူဝါဒများလက်ဆင့်ကမ်းပေးခြင်း-လူမှုပတ်ဝန်းကျင်တွင်အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သော၊ယဉ်ကျေးသောလူမျိုးစိတ်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအသိစိတ်၊အဆင့်မှီသောနိုင်ငံသားစိတ်၊ အခြားသူများ၏ရွေးချယ်မှုအပေါ်လေးစားစိတ်၊ တာဝန်သိစိတ်များဖွံ့ဖြိုးရန်သင်ကြားပေးသည်။

သင်္ချာအခြေခံသဘောတရား၊သိပ္ပံနှင့်နည်းပညာဆိုင်ရာအခြေခံများရရှိစေရန်-ကမ္ဘာနှင့်စက္ကြာဝဠာကို သိပ္ပံနှင့်နည်းပညာရှုထောင့်မှချဉ်းကပ်ခြင်း၊စူးစမ်းလေ့လာလိုစိတ်နှင့်သိမြင်လိုစိတ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကိုသင်ကြားပေးသည်။

ပထဝီဝင်အခြေခံသဘောတရားဆိုင်ရာ “နေရာ” နှင့် သမိုင်းဆိုင်ရာ”အချိန်”သဘောတရား-လူမှုအဖွဲ့အစည်းများ၏အဖြစ်အပျက်များနှင့်ပက်သက်ပြီး နေရာ၊အချိန်သဘောတရားတို့ကိုဆက်စပ်သဘောပေါက်စေရန်၊လူသားတို့၏ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်များအပေါ်သုံးသပ်တတ်ရာမှတဆင့်လက်ရှိလူမှုဝန်းကျင်နှင့်ဆိုင်သောဗဟုသုတများလက်လှမ်းမှီစေန်ဖြစ်သည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.