ပြင်သစ်ပညာရေးစနစ်

US သို့မဟုတ် UK စနစ်ကဲ့သို့ပင် ပြင်သစ်ပညာရေးစနစ်တွင်-

မူလတန်းပညာရေး

ဤအဆင့်တွင် မူကြိုနှင့် မူလတန်းကျောင်း (အသက် ၂နှစ်-၃နှစ် မှ ၁၁ နှစ်အထိ) ပါဝင်သည်။ ပြင်သစ်နိုင်ငံတွင် ကျောင်းပညာရေးသည် အသက် ၃နှစ်မှ မသင်မနေရဖြစ်ပြီး ၂နှစ်ပြည့်ချိန်မှကျောင်းစ ထားနိုင်သည်။

ပြင်သစ်နိုင်ငံသင်ရိုးညွှန်းတမ်းသည် မူကြိုမှ အထက်တန်းကျောင်း ပြီးဆုံးသည်အထိ အတန်းအားလုံး ပါဝင်ပါသည်။

အထက်တန်းပညာရေး

ဤအဆင့်တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (အသက် ၁၁ နှစ်မှ ၁၈ နှစ်အထိ) ပါဝင်သည်။ အထက်တန်းပညာရေးကို ပြီးမြောက်ရန်အတွက် ကျောင်းသား/သူများသည် ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များစွာမှ အသိအမှတ်ပြုလက်ခံထားသော ဒီပလိုမာတစ်ခုဖြစ်သည့် "baccalauréat" ကို ရယူရမည်ဖြစ်သည်။ “baccalauréat” သည် ၎င်း၏ ခက်ခဲတင်းကျပ်ပြီး လုံလောက်ပြည့်ဝသော သဘောသဘာဝကြောင့် တစ်ကမ္ဘာလုံးမှ အထင်ကြီးလေးစားကြသည်။ အမှန်စင်စစ်တွင် baccalauréat ဒီပလိုမာလက်မှတ်ကိုင်ဆောင်သူများအား မြောက်အမေရိကန်တက္ကသိုလ်များမှာ စာသင်နှစ်တစ်နှစ်စာနှင့် ညီမျှသော credits အမှတ်များ အပိုဆောင်းတိုးပေးလေ့ရှိသည်။

အဆင့်မြင့်
ပညာရေး

ဤသည်မှာ အသက်မွေးဝမ်းကြောင်း သို့မဟုတ် ပညာရပ် (ဥပမာ တက္ကသိုလ်များ၊ စီးပွါးရေးဆိုင်ရာကျောင်းများ၊ အင်ဂျင်နီယာကျောင်းများ၊ Polytechnic အင်စတီကျု့) စသည်တို့ဖြစ်သည်။

ပြင်သစ်ပညာရေးစနစ်တွင်အဓိကအလေးပေးသည်မှာထင်ပေါ်ကျော်ကြားသောပြင်သစ် ပညာရေးဆိုင်ရာ အသိပညာကျယ်ပြန့်မှုနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာများပင်ဖြစ်သည်။ ပြင်သစ်စကားမပြောသည့်နိုင်ငံတကာကျောင်းသားများ အများစုနှင့်ဖွဲ့စည်းထားသည့်အတွက် သင်ရိုးညွှန်းတမ်းအား ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားမျိုးစုံသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုးရှိစေရေးဆွဲထားသည်။
LFIR ကျောင်းသား/သူများအား ဘာသာစကားများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများဆိုင်ရာ အရည်အသွေးများ တိုးတက်စေရန် အခွင့်အရေးများ ဖန်တီးထားပါသည်။

နိုင်ငံတကာ ပြင်သစ်ကျောင်းများမှ ကလေးများသည် အထက်တန်းဒီပလိုမာစာမေးပွဲအောင်မြင်ပြီးနောက် ပြင်သစ် ပြည်သို့မဟုတ် နိုင်ငံတကာ တက္ကသိုလ်များ၌ အခြားသင်ရိုးညွှန်းတမ်းများနှင့် အလွယ်တကူ လိုက်လျောညီထွေစွာ တက်ရောက်နိုင်ကြသည်။
ပြင်သစ်တွင် ပညာသင်ကြားလိုသူများအတွက်လည်း Campus France နှင့် AEFE တို့မှ ပညာသင်ဆုအမျိုးမျိုးကို လျှောက်ထားရရှိနိုင်ပါသည်။

AEFE ကျောင်းများ (LFIR အပါအဝင်) မှ ကျောင်းသား/သူများအားလုံး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ ကမ္ဘာပေါ်ရှိ အခြားပြင်သစ်ကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်သည်- ယခုလက်ရှိတွင် နိုင်ငံပေါင်း -၁၃၈ တွင် ၅၆၆ ကျောင်းများရှိသည်။

ပြင်သစ်ပညာရေးစနစ်၏ အဆင့်တစ်ခုစီ၏ အသေးစိတ် အချက်အလက်များကို ပိုမိုသိရှိရန် မူကြိုမူလတန်းကျောင်းအထက်တန်းကျောင်းနှင့် အဆင့်မြင့်ပညာရေးများအတွက် သီးသန့်စာမျက်နှာများကို လေ့လာကြည့်ပါ။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.