ကျောင်းဝင်ခွင့်လိုအပ်ချက်များ

အထွေထွေလိုအပ်ချက်များ

LFIR သည် လူမျိုးပေါင်းစုံနှင့် အလွှာပေါင်းစုံမှလာသော ကျောင်းသား/သူများကို ကြိုဆိုပါသည်။ မူလတန်း၏ နောက်ပိုင်းအဆင့်များတွင်ပင် ကလေးငယ်များသည် LFIR သို့ဝင်ရောက်ရန် ပြင်သစ်ဘာသာစကားပြောရန် မလိုအပ်ပါ။ အမှန်အားဖြင့် ဆိုလျှင်လက်ရှိကျောင်းသား/သူ သုံးပုံနှစ်ပုံကျော်သည် ပြင်သစ်ဘာသာစကားကို ယခင်က မတတ်ကျွမ်းဘဲ ကျောင်းသို့ ရောက်လာခဲ့ကြသည်။

ဤကျောင်းသည် လက်ရှိ၌ မူကြို (၂ နှစ်) “Toute Petite Section” မှ အလယ်တန်း ဒုတိယနှစ် (အသက် ၁၂ နှစ်မှ ၁၃ နှစ်အထိ) ကျောင်းသား/သူများကို လက်ခံကြိုဆိုပါသည်။ ပိုမိုကောင်းမွန်ထိရောက်သော သင်ယူမှုအတွေ့အကြုံများကို ရရှိစေရန် အတန်းအရွယ်အစားများကို ကန့်သတ်ထားသောကြောင့် ကျောင်းသား/သူသစ်များသည် ၎င်းတို့၏ ယခင်ကျောင်းအတွေ့အကြုံအပြင် နေရာလွတ်မလွတ်ပေါ်မူတည်၍ စာသင်နှစ်တစ်လျှောက်လုံး ကျောင်းအပ်နိုင်ပါသည်။

အသက်အရွယ် လမ်းညွှန်အကြံပြုချက်များ

အောက်ဖော်ပြပါဇယားတွင် ပြထားသည့်အတိုင်း ကျောင်းသား/သူများကို ၎င်းတို့၏ မွေးသက္ကရာဇ်အလိုက် သင့်တော်သည့် အတန်းတွင် ထားရှိလေ့ရှိသည်။

ကလေး၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ တိကျသောလိုအပ်ချက်များနှင့် ယခင်ကျောင်းမှ အတွေ့အကြုံ၊ ဆရာ ဆရာမများ၊ ဒါရိုက်တာများနှင့် ညှိနှိုင်းပြီးနောက်၊ မိဘများသည် ကလေး၏ စိတ်ပါဝင်စားမှုများပေါ်မူတည်၍ မတူသောအတန်းကို တက်ရောက်ခွင့်ပြုရန် အကြံပြုခြင်း ခံရနိုင်ပါသည်။

အသက်အရွယ်လမ်းညွှန်ချက်များ 2026-2027 academic year (which starts on August 31 2026) are as follows :

ဤနေရာတွင် ဖော်ပြထားသည့်အတိုင်း ကလေး၏ အတန်းအလိုက် ကျောင်းလခများ ကွဲပြားကြောင်း သတိပြုပါ။

ကျောင်းသို့လာရောက်လည်ပတ်ရန် သို့မဟုတ် အခြားအချက်အလက်များကို စုံစမ်းမေးမြန်းရန် ကျောင်းရုံးခန်းသို့ ဆက်သွယ်ပါ။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.