ပြင်သစ်နိုင်ငံတကာကျောင်းကိုဘာ ကြောင့်ရွေးသင့်လဲ

ပညာရေးဆိုင်ရာအဆင့်အတန်းမြင့်မားခြင်းနှင့်အရည်အသွေးပြည့်ဝခြင်းတို့ကြောင့် ပြင်သစ်ပညာရေးစနစ်မှာ ဂုဏ်သတင်းကျော်ဇောသည်။

အသိပညာဗဟုသုတကြွယ်ဝခြင်းအပြင်ဆင်ခြင်ဉာဏ်အသုံးပြုနိုင်စွမ်း၊ပြဿနာဖြေရှင်းနိုင်စွမ်းအခြေခံကောင်းများခိုင်မာစေရန်ပြင်သစ်ကျောင်းမှသင်ကြားပြသပေးသည်။ နိုင်ငံတကာကျောင်းသား/သူများနှင့်အထူးသင့်လျော်မည့် မတူညီသည့်ဘာသာစကားများဖြင့်နိုင်ငံတကာဝမ်းကျင်ကိုဖန်တီးပေးထားသည်။

အခြားပြင်သစ်နိုင်ငံတကာကျောင်းများနှင့်အလားတူလက်ရှိတွင်ပြင်သစ်နိုင်ငံတကာကျောင်းရန်ကုန်၌နိုင်ငံတကာမှကျောင်းသား/သူများအများစုကိုလက်ခံထားသည်။

ဓလေ့ထုံးစံမတူညီသည့်ပတ်ဝန်းကျင်၏အကျိုးကျေးဇူးဖြင့် မျက်မှောက်ကမ္ဘာတွင်လိုအပ်သည့် ဘာသာစကားစွမ်းရည်တိုးတက်မှု၊ မတူကွဲပြားသည့်ယဉ်ကျေးမှုဝန်းကျင်ကိုရင်းနှီးကျွမ်းဝင်မှု တို့ဖြင့်ကျောင်းသား/သူများအနာဂါတ်အတွက်ပြင်ဆင်ပေးသည်။

ပြင်သစ်နိုင်ငံတကာကျောင်းမှအခြားနိုင်ငံမှမည်သည့်ပြင်သစ်နိုင်ငံတကာကျောင်းကိုမဆိုပြောင်းရွှေ့နိုင်သည့်အပြင်၊အခြားသောနိုင်ငံတကာကျောင်းသင်ရိုးများကိုပါအခက်အခဲမရှိသင်ယူလေ့လာနိုင်စွမ်းရှိကြသည်။  

ပြင်သစ်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် ဒီပလိုမာ Baccalauréat ၏ကျော်ကြားသောဂုဏ်သတင်းကြောင့် ပြင်သစ်နိုင်ငံတကာကျောင်းမှအထက်တန်းကျောင်းအောင်မြင်ပြီးသူများမှာ အထင်ကရအဆင့်မြင့်ပညာကျောင်းများတွင်ဆက်လက်တက်လှမ်းနိုင်ကြသည်။ အဆင့်မြင့်ပညာရေးအတွက်လိုအပ်သည့် အရည်အချင်းများပြင်ဆင်ပေးရာတွေကမ္ဘာ့အဆင့်မှီအရည်အသွေးပြည့်သည့် ဒီပလိုမာဖြစ်သည်။ မြောက်အမေရိကန်တက္ကသိုလ်များသည် Baccalauréat ကိုင်ဆောင်သူများအား စာသင်နှစ် တစ်နှစ်စာ အပိုခရက်ဒစ်များ ပေးလေ့ရှိပါသည်။

ပြင်သစ်တွင်ဆက်လက်ပညာသင်ကြားလိုသူများအတွက်လည်းပညာသင်ဆုများစွာလျှောက်ထားနိုင်ကြသည်။

ပြင်သစ်ကျောင်းများကွန်ရက် တွင် နိုင်ငံပေါင်း၁၃၉ နိုင်ငံမှကျောင်းပေါင်း၅၈၀ကျောင်းပါဝင်သည်။ ကမ္ဘာအနှံ့ကျောင်းသား/သူ ၃၉၀ ၀၀၀ အနက် ၄၀%မှာပြင်သစ်လုမျိုးများဖြစ်ပြီး၆၀%မှာအခြားလူမျိုးများဖြစ်သည်။ ကမ္ဘာအနှံ့ရှိ ပြင်သစ်နိုင်ငံတကာကျောင်းများမှကျောင်းသား/သူများမှာနိုင်ငံပြောင်းရွှေ့ရာတွင် ပြင်သစ်ကျောင်းများကွန်ရက်အဖွဲ့ဝင်နိုင်ငံတကာကျောင်းများကိုသာရွေးလေ့ရှကြသည်။

ပြင်သစ်နိုင်ငံခြားရေးရာဝန်ကြီးဌာနအောက်ရှိအစိုးအရအဖွဲ့အစည်းဖြစ်သော ပြင်သစ်ကျောင်းများကွန်ရက်အဖွဲ့သည် အရည်အသွေးရှိသောပြင်သစ်ပညာရေးဖြစ်စေရန်အထူးအလေးပေးသည်။ ကမ္ဘာအနှံပြင်သစ်ကျောင်းများအားပံ့ပိုးပေးခြင်းအတွက် စာရင်းအစစ်အဖွဲ့များပုံမှန်စေလွှတ်ခြင်းဖြင့်ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက်ကြပ်မပ်ပေးသည်။

ပြင်သစ်ပြည်ပ ပညာရေးအင်ဂျင်စီအဖွဲ့ဝင် ကျောင်းများအားပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှတရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်ထားသည်။ အဆိုပါလက်မှတ်အရ ပြင်သစ်ပညာရေးစနစ်၏စံနှုန်းများဖြင့်ချိန်ထိုးကာ စာသင်ကြားရေးရည်ရွယ်ချက်များသင်ရိုးညွှန်းတမ်းများကိုအရည်အသွေးကြပ်မတ်ပေးသည်။

ထို့အပြင် တရားဝင်အသိအမှတ်ပြုခြင်းဆိုင်ရာ အချက်အလက်များစံနှုန်းပြည့်မှီစေရန် ကျောင်းများအားလုံးအားပုံမှန်စစ်ဆေးရေးများစေလွှတ်သည်။ ပြင်သစ်နိုင်ငံတကာကျောင်း(ရန်ကုန်)၏နောက်ဆုံးစာရင်းစစ်ချက်များကိုဖတ်ရန် လင့်ခ်ကိုနှိပ်ပါ။

ကျောင်းစာသင်ကြားခြင်းကိုမူကြိုအရွယ်၃နှစ်မှစတင်သင်ကြားပေးသည်ဖြစ်၍ ပြင်သစ်အစိုးရသင်ရိုးစနစ်မှာရင်သွေးငယ်အရွယ်မှစပြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သင်ကြားမှုများပါဝင်သည်။

အရည်အသွေးအစမ်းသပ်ခံသည့် သင်ရိုးညွှန်းတမ်းသည် ပညာရပ်ဗဟုသုတသာမက စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့်မိမိကိုယ်ကိုယ်ယုံကြည်အားကိုးမှုတို့ကိုပါသင်ကြားပေးသည်။ လူသားဆန်မှုအနှစ်သာရများအားလည်းလက်ဆင့်ကမ်းပေးသည်။ အနုပညာ၊ဘာသာစကား၊အားကစားတို့မှတဆင့် မိမိတို့ကိုယ်ပိုင်ဟန်ကိုဖော်ထုတ်နိုင်ရန်အခွင့်အလမ်းပေးသည်။

သင်ကြားရေးစနစ်မှာ ရိုးရာနှင့်ခေတ်မှီသင်ကြားပုံများပေါင်းစပ်ကာ တက်ကြွစွာပါဝင်စေခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ကိုယ်တိုင်စူးစမ်းလေ့လာစေခြင်းတို့ဖြင့် စနစ်တကျချဉ်းကပ်သင်ကြားပေးသည်။
မူကြိုသင်ရိုးတွင် ကလေးငယ်များသဘာဝအလျှောက်ဖွံ့ဖြိုးမှုအပေါ်အလိုက်သင့်သင်ကြားပေးသည်။ မူလတန်းသင်ရိုးမှာမူအလယ်တန်းကျောင်းစာသင်သားအရွယ်အတွက်လိုအပ်မည့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရင့်သန်စေရန် ဖေးမသင်ကြားပေးသည်။

ဘာသာစကားသင်ကြားမှုအများဆုံးဘာသာစကားများအနက်ကမ္ဘာ့ဒုတိယနေရာသည်ပြင်သစ်ဘာသာစကားဖြစ်သည်။ နိုင်ငံတကာဆက်သွယ်ပြောဆိုမှုများအတွက် ပြင်သစ်ဘာသာစကားမှာအရေးပါလှသည်။

ပြင်သစ်ဘာသာစကားကျွမ်းကျင်မှုမှာ ပညာရေး၊စီးပွါးရေး၊သံတမန်ရေးရာအခွင့်အလမ်းတံခါးများအားဖွင့်ပေးသည်။ ရှန့်ဟိုင် Ranking အရအဆင့်မြင့်ပညာရေးစနစ်များထဲတွင်ပြင်သစ်ပညာရေးစနစ်မှာကမ္ဘာ့နံ့ပါတ်၃နေရာတွင်ရှိသည်။ အဆိုပါ ရှန့်ဟိုင် Ranking သည်နိုင်ငံပေါင်းစုံပါဝင်သောကမ္ဘာ့ရှေ့ပြေးဦးဆောင်သည့်အခြေစိုက်အဖွဲ့ဖြစ်သည််။
ကာလကြာမြင့်စွာသံတမန်နှင့်နိုင်ငံတကာဆက်ဆံရေးအတွက်အသုံးပြုနေသောဘာသာစကားဖြစ်သည့်အလျှောက် ပြင်သစ်ဘာသာစကားကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(UN) ၊ ဥရောပသမဂ္ဂအဖွဲ့(EU)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း(OECD), ကမ္ဘာ့ကုန်သည်ကြီးများအဖွဲ့ (WTO) နှင့် နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) တို့တွင်ရုံးသုံးဘာသာစကားဖြစ်သည်။

LFIR ၏အတွေ့အကြုံရှိသည့်ဆရာ/မ များသည်ပြင်သစ်စကားမပြောတတ်သေးသည့်ကလေးများအတွက်အထူးအစီအစဉ်ဆွဲ၍သင်ကြားပြသပေးလျှက်ရှိသည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.