ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ (AEFE)

LFIR သည် ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFE (Agency for French Education Abroad) အဖွဲ့၀င်ဖြစ်ပြီးကမ္ဘာတဝှမ်းတွင် အရည်အသွေး အာမခံချက်ပေးနိုင်သည့်ပြင်သစ်ပညာရေးစနစ်ပံ့ပိုးပေးရန်ရည်ရွယ်သော၀န်ကြီးဌာနဆိုင်ရာအဖွဲ့အစည်းဖြစ်သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနလာက်အောက်ရှိဤအဖွဲ့အစည်း၏အဓိကရည်ရွယ်ချက်မှာ ထူးခြားလှသည့်ကမ္ဘာ့ပညာရေးကွန်ယက်အားပံ့ပိုးမြှင့်တင်ပေးရန်ဖြစ်သည်။ လက်ရှိတွင်

သို့ပါ၍ LFIR ကျောင်းသား/သူများမှာ ပြင်သစ်ပညာရေးအင်ဂျင်စီအဖွဲ့ဝင် အလိုလျောက် ဖြစ်လာကြပြီး ကမ္ဘာတဝှမ်းရှိမည်သည့်အဖွဲ့၀င်ကျောင်းတွင်မဆို ၀င်ခွင့်မလိုဘဲ ၀င်ရောက်တက်နိုင်ပါသည်။

တရားဝင်အသိအမှတ်ပြုလက်မှတ်

ပြင်သစ်ပညာရေးအင်ဂျင်စီအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ LFIR အားပြင်သစ်ပညာရေးဝန်ကြီးဌာနမှတရားဝင်အသိအမှတ်ပြုထားသည်။ ဤလက်မှတ်အရသင်ကြားသည့်ပရိုဂရမ်၊ရည်ရွယ်ချက်၊အဖွဲ့အစည်းဆိုင်ရာတန်ဖိုးထားမှုများအား ပြင်သစ်ပညာရေးစနစ်နှင့်ချိန်ထိုးကာအရည်အသွေးကိုထိန်းညှိသည်။ တရားဝင်အသိအမှတ်ပြုစည်းကမ်းချက်များနှင့်ကိုက်ညီစေမှုရှိစေရေးအတွက်ပုံမှန်စစ်ဆေးရေးများထားရှိသည်။

ပြင်သစ်နှင့် နိုင်ငံတကာ သင်ရိုးညွှန်းတမ်း

ကွန်ယက်အဖွဲ့ဝင်များပြင်သစ်ပညာရေးပရိုဂရမ်အားလိုက်နာမှုရှိစေရေးအားအလေးအနက်ထားလျှက် အိမ်ရှင်နိုင်ငံများ၏ယဉ်ကျေးမှု၊ဘာသာစကားများကိုပါအလေးပေးထည့်သွင်းခြင်းဖြင့်ဘာသာစကားအများ အပြားတတ်ကျွမ်းမှုရှိစေရန်ရည်ရွယ်သည်။ ပြင်သစ်စကားသည်မိခင်ဘာသာစကားမဟုတ်သည့် ကျောင်းသား/သူအများစုဖြင့်ဖွဲ့စည်းထားသော LFIRမှာကွဲပြားခြားနားသည့်ယဉ်ကျေးမှု၊ဘာသာစကား ၀န်းကျင် နှင့်ကိုက်ညီသည့်သင်ရိုးညွှန်း တမ်း အတိုင်းသင်ကြားသည်။

ပြင်သစ်ပြင်ညာရေးပရိုဂရမ်မှတဆင့် ခိုင်မာသောအခြေခံ၊ သီအိုရီပိုင်းဆိုင်ရာ ကျယ်ပြန့်သောအသိပညာများသင်ကြားသည်။ထို့အပြင်မတူညီသောဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင် ရာစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက်နိုင်ငံတကာကျောင်းဝန်းကျင်တို့ကို LFIRမှဖန်တီးပေးသည်။

တခြားနိုင်ငံကို ပြောင်းရွှေ့လာတဲ့ ကလေးတွေလည်း လုပ်နိုင်ပါတယ်။ သူတို့ရဲ့ ပညာရေးကို လွယ်လွယ်ကူကူ ဆက်လုပ်ပါ။ ပြင်သစ်ကျောင်းမှာ။

ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFEမှပံ့ပိုးမှု

LFIR သည်ကျွမ်းကျင်သော ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFE ထံမှ အဖက်ဖက်မှပံ့ပိုးမှုရပြီး အထူးသဖြင့် ဆရာ/မခန့်ထားရေးနှင့် သင်တန်းများအတွက်ဖြစ်သည်။ AEFEဖက်မှ သင်ကြားရေးတွင်စံနှုန်းများကိုက်မှီစေရေး၊ ဘာသာစကားမျိုးစုံအတွက်စီမံဆောင်ရွက်မှု များ၊ အရည်အသွေးမှီဆရာ/မများခန့်ထားရေးနှင့် သင်တန်းများအတွက်အားထုတ်ပေးသည်။ ကျောင်းစစ်ဆေးရေးပုံမှန်စေလွှတ်သည်။ “les Ambassadeurs en Herbe” ကဲ့သို့သောနိုင်ငံတကာပြိုင်ပွဲများကျင်းပပေးသည်။

ပြင်သစ်ပြည်ပြင်ပ ပညာရေးအင်ဂျင်စီ AEFE ၏ အဓိကရည်ရွယ်ချက်များ

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

LFIR လှုပ်ရှားမှုဗဟိုချက်

ကျောင်းပြီးချိန် လှုပ်ရှားမှုများ (AES) ကို ယခု စာရင်းသွင်းနိုင်ပြီ ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ ရွေးချယ်ရန် လှုပ်ရှားမှု 20+ နှင့်အတူ၊ ကလေးတိုင်းအတွက် တစ်ခုခု ရှိပါသည်။

ကျောင်းသားအားလုံးအတွက် ဖွင့်လှစ်ထားပြီး၊ ကျွန်ုပ်တို့သည် အားကစား၊ သိပ္ပံ၊ မြေအိုး၊ ကာရံခြင်း၊ ကုဒ်ဆွဲခြင်း၊ ဂီတ၊ အက၊ လီဂို၊ အနုပညာနှင့် လက်မှုပညာ၊ Flair Bartender နှင့် အခြားအရာများကဲ့သို့သော လှုပ်ရှားမှုများကို ပေးဆောင်ပါသည်။

စာသင်ချိန် ညနေ ၃ နာရီ သို့မဟုတ် ညနေ ၄ နာရီ ကျောင်းပြီးသည်။ ဤလုပ်ဆောင်မှုများသည် မိဘများအား သက်တောင့်သက်သာဖြစ်စေပြီး စိတ်ငြိမ်သက်မှုကို ပေးဆောင်နေစဉ် ကလေးများအား ဝါသနာအသစ်များရှာဖွေရန် ကူညီပေးပါသည်။

ယနေ့ မှတ်ပုံတင်ပြီး သင့်ကလေးကို ကြီးပြင်းလာစေရန်၊ သင်ယူရန်နှင့် ဖန်တီးခွင့်ပြုပါ။