LFIR ၏ နောက်ဆက်တွဲ အခွင့်အလမ်းများ

LFIR ၌ ကျောင်းပြီးသွားသောအခါ

ပြင်သစ်ပညာရေးကို နိုင်တကာနှင့် ပေါင်းကူးလက်မှတ်အဖြစ် အသုံးပြု၍ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များသို့ တက်ရောက်ရန်

LFIR တွင် ကျောင်းပညာရေး ပြီးမြောက်အောင်မြင်ပြီးနောက် ကျောင်းသား/သူများသည် (baccalauréat) ဖြင့် နိုင်ငံတကာအဆင့်မြင့်ပညာများသို့ ဆက်လက်ကာတက်လှမ်းနိုင်ပါမည်။

French baccalauréat သည် အဆင့်မြင့်ပညာရေးအတွက်အဓိကလိုအပ်သည့် နက်နဲသည့်အသိပညာဗဟုသုတများရရန်ပြင်ဆင်​ပေးသည့်ပညာရေးသည့်ပညာရေးပရိုဂရမ်တခုအဖြစ် ကမ္ဘာတစ်ဝှမ်းလုံးမှ အသိအမှတ်ပြုထားခြင်း ခံရပါသည်။

ပြင်သစ်၊ EU၊ UK၊ USA (Ivy League တက္ကသိုလ်များ အပါအဝင်) ကနေဒါ၊ သြစတြေးလျ စသည်ဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ တက္ကသိုလ်များအားလုံးမှ ပြင်သစ်အထက်တန်းအောင်လက်မှတ်ကို လက်ခံအသိအမှတ်ပြုပါသည်။ အထူးသဖြင့် မြောက်အမေရိကန်တက္ကသိုလ်များသည် Baccalauréat ကိုင်ဆောင်သူများအား စာသင်နှစ် တစ်နှစ်စာ အပိုခရက်ဒစ်များ ပေးလေ့ရှိပါသည်။

ပြင်သစ်ပြည်ပြင်ပအေဂျင်စီကျောင်းများတွင်ရရှိသော။ အထက်တန်းကျောင်းဒီပလိုမာဘွဲ့သည် ပြင်သစ်နိုင်ငံရှိ baccalauréat နှင့်တန်းတူပင်ဖြစ်သည်။ သို့ပါ၍ ပြင်သစ်နိုင်ငံနှင့်နိုင်ငံတကာမှအကောင်းဆုံးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာ အထူးပြုကျောင်းများ၊ အင်စတီကျု့များသို့ဆက်လက်တက်ရောက်နိုင်ကြသည်။

ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားလိုသူများအတွက် ပညာသင်ဆုအမျိုးမျိုးကို ရရှိနိုင်ပါသည်။ သာဓကအနေဖြင့် Campus France မှတစ်ဆင့် ပညာသင်ဆုကို ရရှိနိုင်ပါသည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

ဝင်ခွင့်ဖွင့်ထားပြီ!

ဖရန်ချားနိုင်ငံတကာကျောင်း (LFIR) သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လျှောက်လွှာများကို လက်ခံလျက်ရှိသည်။.

၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် အသစ်ဖွင့်လှစ်မည့် ကျောင်းနှစ် စတင်မည်ဖြစ်ပြီး ယခုအချိန်မှစ၍ တစ်နှစ်ပတ်လုံး လျှောက်လွှာများကို လက်ခံမည်ဖြစ်သည်။.

အသေးစိတ်အချက်အလက်များအတွက် မိဘများအနေဖြင့် ကျောင်းစည်းကြပ်ခများ၊ ပွဲတင်ပြချက်များကို ဒေါင်းလုဒ်ယူနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်မှတဆင့် ကျောင်းကို တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။.