LFIR အဖွဲ့တွင် ဒါရိုက်တာ၊ ဆရာ/မများ၊ လက်ထောက်ဆရာ/မများ၊ ပံ့ပိုးကူညီရေးအဖွဲ့နှင့် မိဘများအသင်းကိုယ်စားပြု စီမံခန့်ခွဲမှုကော်မတီတို့ ပါဝင်သည်။
ဒါရိုက်တာနှင့် ဆရာ/မများ
Valérie Legueux
ဒါရိုက်တာ/မူကြိုဆရာမ
Valérie သည်သူမ၏ ကိုယ်ပိုင်မူကြိုကျောင်းကို မြန်မာနိုင်ငံ၌ ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရင်ခွင်ပိုက်အရွယ်ပညာရေးတွင် အတွေ့အကြုံ ၂၅နှစ်ကျော်ရှိပြီဖြစ်သည် ။ မကြာသေးမီမှပင် ပြင်သစ်ပညာရေးဝန်ကြီးဌာနမှသူမအား ပညာရေးဆိုင်ရာဝန်ဆောင်မှုများအတွက် ဂုဏ်သိက္ခာရှိသော “Academic Palms” ကို ချီးမြှင့်ခဲ့သည်။ LFIR တွင် Valérie သည် ကျောင်း၏ စီစဉ်ညွန်ကြားသူ ဒါရိုက်တာတစ်ဦးအဖြစ်သာမက မူကြိုဆရာမတစ်ယောက်အဖြင့်လည်း တာဝန်ယူထားပါသည်။ Valérie သည် LFIR အဖွဲ့တွင် စိတ်အားထက်သန်ပြီး တက်ကြွသော ကြင်နာတတ်သူများနှင့် ကြုံဆုံပြီး၊ကျောင်း၏ပျော်ရွှင်အေးချမ်းသောပတ်ဝန်းကျင်အတွက် များစွာဂုဏ်ယူနေပါသည်။
Vincent Leduc
မူကြိုဆရာ
ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဟောင်း Vincent သည် အားကစားဆရာတစ်ဦးအဖြစ် ပြန်လည်လေ့ကျင့်ခဲ့ပြီး ပညာရေးဘက်မှာ အမှန်တကယ် စိတ်အားထက်သန်မှု ရှိကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
Vincent သည် မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံအသီးသီးတွင်လည်း မူကြိုမှ အလယ်တန်းကျောင်းအထိ တတ်ရောက်နေကြသော ကလေးငယ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။
သူသည် ရန်ကုန်သို့ ပြန်လာရသည့်အတွက်လည်း လွန်စွာဝမ်းသာနေပါသည်။ Vincent ၏ ဟာသဉာဏ် နှင့် အကန့်အသတ်မရှိသော အားအင်များသည် ကလေးများနှင့်သာ ထပ်တူ ကိုက်ညီနေပါသည်။
Clotilde Michel
မူလတန်းပြဆရာမ
Clotilde သည် ကျောင်းဆရာမအဖြစ် အသက်မွေးဝမ်းကြောင်း မပြုမီကာလတွင် နိုင်ငံတကာဆက်ဆံရေး သုတေသီတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။
Clotilde သည် နိုင်ငံတကာကျောင်းများစွာတွင် မူလတန်းပြဆရာမအဖြစ်သာမက ပြင်သစ်ဘာသာစကားဆရာမအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးပါသည်။
သူမသည် LFIR တွင် ပထမတန်း၊ ဒုတိယတန်းအတွက် အတန်းပိုင်ဆရာမတစ်ယောက်ဖြစ်သည့်အပြင် ဆဌမတန်းကိုလည်း သမိုင်းနှင့်ပထဝီ ဘာသာရပ်တွေကို သင်ကြားပေးပါသည်။
သူမသည် ကလေးများ၏ ပင်ကိုယ်စေ့ဆော်မှု၊ ဟာသဥာဏ်၊ စူးစမ်းလိုစိတ်နှင့် သူတို့ကိုယ်သူတို့ ပိုပြီး တော်လာရန်ကြိုးပမ်းလိုစိတ်များကို ခုံမင်နှစ်သက်သူ တစ်ဦး ဖြစ်ပါသည်။
Guillaume D'Agaro
မူလတန်းပြဆရာ
နိုင်ငံပေါင်းတကာ စာသင်ကြားမှု အတွေ့အကြုံ ၁၀နှစ်ကျော်ရှိသော ဆရာတစ်ယောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ LFIR ၌သင်ကြားပို့ချခဲ့ပါသည်။
ကလေးများသည် အတွေ့အကြုံ၊ အချင်းချင်းလေးစားမှု၊ ကိုယ်ပိုင်အစွမ်းသတ္တိနှင့် မိမိကိုယ်ကိုယုံကြည်မှုများမှတဆင့် လေ့လာသင်ယူနိုင်မည့် ပျော်ရွှင်စရာပတ်ဝန်းကျင်ကို ဖန်တီးရန် သူကြိုးစားပေးနေပါသည်။
Guillaume သည် ပြဇာတ်နှင့် အားကစားသင်တန်းများကိုလည်း အချိန်ပို သင်ကြားပေးနေပါသည်။
Nadia Carnal
ပြင်သစ်ဘာသာစကား ဆရာမ
ဆဌမတန်း ညှိနှိုင်းရေးမှူး
Nadia သည် ပညာရေးနှင့်သက်ဆိုင်သည့်အမျိုးမျိုးသော နယ်ပယ်များတွင် ကလေးများ၊ ဆယ်ကျော်သက်များနှင့် ၁၀ နှစ်ကျော် အလုပ်လုပ်ခဲ့ဖူးပါသည်။ သူမသည် LFIR ၌ ၂၀၁၇ မှစ၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
သူမသည် မူလတန်းနှင့် သူငယ်တန်းတွင် ပြင်သစ်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် ၊ အလယ်တန်းတွင် ပြင်သစ်ဘာသာစကားကို ပထမဘာသာစကားအဖြစ် သင်ကြားပေးနေပါသည်။
ထို့အပြင် ဆဌမတန်းကိုလည်း ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေပါသည်။ သူမသည် အထူးသဖြင့် ကျောင်းသားများကို ၎င်းတို့၏ သင်ယူမှုတွင် ပံ့ပိုးပေးရခြင်းကို နှစ်သက်ပါသည်။
Thomas Schaffner
သိပ္ပံနှင့် သင်္ချာဆရာ
သောမတ်စ်သည် သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် သိပ္ပံဘာသာရပ်နှင့် လူသားများရဲ့ ပထဝီဝင်ဘာသာရပ်ဆိုင်ရာများသင်ကြားရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ CNED သင်ရိုးညွှန်းတမ်းများအရ အလယ်တန်းကျောင်းသားများကို သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို သူ၏ ကျွမ်းကျင်သူများဖြစ်အောင် လေ့ကျင်ပေးနိုင်တဲ့ အတွေ့အကြုံ နှင့် သူ၏စိတ်ရှည်မှုနှင့်ဖန်တီးမှုများကို ပေါင်းစပ်၍ အင်တိုက်အားတိုက် LFIR တွင် သင်ကြားပေးနေပါတယ် ။ သောမတ်စ်သည် သူ၏ စိတ်အားထက်သန်ပြီး စူးစမ်းချင်စိတ်ရှိသော ကျောင်းသားများနှင့် ကြွယ်ဝသော သင်ရိုးညွှန်းတမ်းများကို နှစ်သက်သည်။ သောမတ်စ်သည် သူ၏ စိတ်အားထက်သန်ပြီး စူးစမ်းချင်စိတ်ရှိသော ကျောင်းသားများနှင့် သင်ရိုးညွှန်းတမ်းအကြောင်းအရာများကို ဆွေးနွေးဖလှယ်ခွင့် ရသည်ကို လွန်စွာပျော်ရွှင်နေပါတယ်။
Gamone
အင်္ဂလိပ်ဘာသာစကား ဆရာမ
မတူညီသောနိုင်ငံတကာကျောင်းများတွင် အတွေ့အကြုံရှိသော အမြဲ စိတ်အားထက်သန်ပြီး တက်ကြွနေတဲ့ ဆရာမတစ်ဦးဖြစ်သော Gamone သည် ၂၀၂၂ ခုနှစ်တွင် LFIR သို့ ဝင်ရောက်ခဲ့ပါသည်။
သူမသည် မူကြိုမှ အလယ်တန်းအထိ အဆင့်တိုင်းကို အင်္ဂလိပ်စာဘာသာကို လေ့ကျင့်သင်ကြားပေးပါသည်။
ခိုင်ဝေလွင်
ဗမာစာဘာသာ သင်ကြားရေး ဆရာမ
မြန်မာဘာသာ နှင့် ပြင်သစ်ဘာသာ သင်ကြားရေး အတွေ့အကြုံရှိပြီး စိတ်ရှည်သော ဆရာမခိုင်သည် မြန်မာနိုင်ငံရှိ ပြင်သစ်ယဥ်ကျေးမှုဌာနတွင် ယင်း ဘာသာစကားနှစ်မျိုးလုံးကို သင်ကြားပေးနေပါသည်။
သူမသည် မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှုကို မူကြိုမှ အလယ်တန်းအထိ အတန်းအဆင့်တိုင်းတွင် သင်ကြားပေးပါသည်။
လက်ထောက်ဆရာ/မများ
ကျောင်း၏ လက်ထောက်ဆရာ/မများအားလုံးသည် မြန်မာ၊ ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာစကားတို့ကို ပြောဆိုနိုင်ကြသည်။
စောကလဲဗားရှိုင်း
အကောင်းမြင်တတ်သူ၊ တည်ငြိမ်အေးဆေး စိတ်ရှည်သည်းခံတတ်သူ ကလဲဗားသည် သင်ကြားမှု၊ ကလေးများအား ကျောင်းတွင်းလှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်စေရန်၊ ကလေးများ တဖြည်းဖြည်းချင်း ကိုယ့်အားကိုယ်ကိုးတတ်စေလာရန် အားပေးမှုများ၌ ပျော်မွေ့လေ့ရှိသည်။ LFIR သို့ ၂၀၁၈ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး မူကြိုတန်းတွင် ကူညီပေးနေပါသည်။
မေထက်အောင်
မေထက်သည် ၂၀၂၂ခုနှစ်အစောပိုင်း LFIR၌ အလုပ်မဝင်မှီ IFB (French Institute of Myanmar)တွင် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ပြင်သစ်ဘာသာသင်ဆရာမအဖြစ် လေ့ကျင့်သင်ကြားခဲ့သည်။ သူမသည် ကလေးများ၏ ကွဲပြားခြားနားသောကိုယ်ရည်ကိုယ်သွေးများကို မြင်အောင်ကြည့်ခြင်း၊ ၎င်းတို့၏ အတွေးများကို နားထောင်ခြင်းနှင့် အားလုံးအတူတူ တိုးတက်မှုရှိနေခြင်းများကို အထူးပျော်မွေ့နှစ်သက်ပါသည်။ မေထက်သည် မူကြိုကလေးကြီးတွေကို သင်ကြားရေးကူညီပေးပါတယ်။
အခြားသောရုံးအဖွဲ့ဝင်များ
Marie-Laure Abel
အတွင်းရေးမှူး
Marie-Laure သည် ကျောင်းနှင့်ဆိုင်သော ဗဟုသုတ၊ ကျောင်း၏သမိုင်းကြောင်းနှင့် ကျောင်း၏ခံယူချက်များကို သိရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက LFIR၌ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ကျောင်းသားမိဘ၊ မိသားစုများ၊ အဖွဲ့အစည်များအားလုံးအကြား ဆက်ဆံရေး အဆင်ပြေချောမွေ့စေရန် ကျောင်းတွင်းကျောင်းပြင် လိုအပ်ချက်များအတွက် ပထမဆုံး ဆက်သွယ်ရမည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။
သူမအား ပြည်တွင်း ရုံးပိုင်းဆိုင်ရာများကို ရုံးကိစ္စကျွမ်းကျင်သူ ဝိုင်းက ကူညီဆောင်ရွက်ပေးပါသည်။
Catherine Pirling
ဘဏ္ဍာရေးဒါရိုက်တာ
Catherine သည် NGO ယခင်ကအသက်မွေးဝမ်းကြောင်းပြုခဲ့ဖူးပြီးနောက် 2023 ခုနှစ်ကတည်းက ကျောင်း၏ဘဏ္ဍာရေးဌာနကို တာဝန်ယူခဲ့သည်။
သူမကို စေ့စပ်သေချာသည့် ကြွယ်ကြွယ်မှ ကူညီပေးပါသည်။
ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့်
လုံခြုံရေးအဖွဲ့
ကျွန်မတို့၏ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်အား အမြဲသေသပ်လှပအောင် နေ့စဉ်ဆောင်ရွက်ပေးပါသည်။
ဖော်ရွေပြီးတာ၀န်သိသည့်လုံခြုံရေးအဖွဲ့သည်လည်း ကျောင်းကို အချိန်တိုင်း လုံခြုံအောင် စောင့်ရှောက်ပေးနေပါသည်။