အုပ်ချုပ်မှုဖွဲ့စည်းပုံ

အကျိုးအမြတ်မယူသောစနစ်ကျင့်သုံးသည့် နိုင်ငံတကာကျောင်း

အများစုသောနိုင်ငံတကာကျောင်းများနှင့်မတူLFIR မှာအကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး ကျောင်းလခများ၏၁၀၀%မှာကျောင်းအတွက်လိုအပ်မည့်အသုံးစရိတ်နှင့်မွမ်းမံမှုများအတွက်သုံးစွဲသည်။

ကျောင်းသားမိဘများအနက် လုပ်အားပေးလိုသူများထဲမှရွေးချယ်တင်မြှောက်ခံရသူများ အား စီမံခန့်ခွဲရေးကော်မတီအဖွဲ့ တည် ထောင်ထားပြီး ကျောင်းအတွက်လိုအပ်သောစီမံမှုများ အတွက်ဆောင်ရွက်ခွင့်ပေးထားသည်။

အဆိုပါကော်မတီသည် ကျောင်းအတွက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအ တွက်အရေးပါသောအကြောင်းအရာများကိုဆွေးနွေးရာတွင်တက်ကြွစွာပါဝင်ကြသည်။

မိဘများအသင်း

ကျောင်းသားတဦးကျောင်းအပ်ပြီးသည်နှင့်တပြိုင်နက် မိဘများမှာမိဘများအသင်းဝင်ဖြစ်လေသည် ။ မိမိတို့သား/သမီးကိုကျောင်းတွင်အပ်နှံသည့်ကာလတလျှောက်အတွက်အကျုံးဝင်သည်။

မိဘတိုင်းကော်မတီအသင်းဝင်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်အရွေးချယ်ခံနိုင်ပြီးကျောင်းစီမံခန့်ခွဲရေးများအတွက်ပါဝင်နိုင်သည်။

မိဘများအသင်းရွေးချယ်တင်မြှောက်ခြင်းကို စာသင်နှစ် တတိယပတ်တွင်ကျင်းပပေးသည်။ အဆိုပါကော်မတီကိုယ်စားလှယ်များမှတဆင့် မိဘများမှာမိမိတို့၏ ကြောင့်ကျမှုများ၊မေးခွန်းများကို ကျောင်းအားအသိပေးနိုင်ကြသည်။

ကျောင်းသား/သူများအနေဖြင့်လည်းကျောင်းသားကော်မတီရွေးချယ်တင်မြှောက်ထားသော ကျောင်းသားကော်မတီကိုယ်စားလှယ်မှတဆင့်ကျောင်းအတွေ့အကြုံများကိုဖလှယ်နိုင်ကြသည်။

မည်သို့ပါဝင်ရမည်နည်း

မည်သည့်မိဘမဆို LFIR အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် သို့မဟုတ် မိဘအသင်းကိုယ်စားလှယ်ဖြစ်ခွင့်ရှိပါသည်။ ကလေးများအကျိုးရှိစေရေးအတွက်၊ ကျောင်းအကျိုးအတွက်နှင့်အနာဂါတ်အကျိုးအတွက် မိမိတို့၏အချိန်၊ အရည်အချင်းများအားပေးဆပ်လိုပါက ကျောင်းသားရေးရာ၊ မိဘများအသင်းကိုယ်စားလှယ် (သို့မဟုတ်)စီမံရေးရာအဖွဲ့ဝင်ကိုဆက်သွယ်နိုင်ပါသည်။

အဖွဲ့အဝင်အသစ်များကို မေလ (သို့)ဇွန်လတွင်အထွေထွေရွေးကောက်တင်မြှောက်ပွဲဖြင့် ရွေးချယ်သည်။ ထိုအစည်းအဝေးမှာကျောင်း၏လက်ရှိအခြေအနေနှင့်ဆောင်ရွက်မည့်အစီအစဉ်များကိုတင်ပြသည့်အခွင့်အခါကာလဖြစ်သည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.