LFIR ကိုဘာကြောင့်ရွေးသင့်လဲ

ပြင်သစ်နိုင်ငံတကာကျောင်း(ရန်ကုန်)ကိုသင့်ကလေးအတွက်ရွေးသင့်သည့်အချက်၁၀ချက်

၁။ နိုင်ငံတကာကျောင်း၀န်းကျင်

ကျောင်းသားအများစုမှာ နိုင်ငံအရပ်ရပ်မှဖြစ်၍ကျောင်းသားဦးရေ၏ သုံးပုံတပုံမှာ မြန်မာကျောင်းသား/သူ များဖြစ်ပြီး နိုင်ငံပေါင်း ၁၅နိုင်ငံအားကိုယ်စားပြုသည့်ကျောင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတကာကျောင်းး(ရန်ကုန်)သည် ရန်ကုန်မြို့တွင် စစ်မှန်သော နိုင်ငံတကာ ပတ်ဝန်းကျင် ကိုဖန်တီးပံ့ပိုးပေး နေသောကျောင်းဖြစ်ပါသည်။

၂။ အရည်အသွေးမြင့်သောပညာရေး

ပြင်သစ်နိုင်ငံတကာကျောင်း(ရန်ကုန်)သည်ပြင်သစ်သင်ရိုးညွှန်းတန်းကိုလက်ကိုင်ကာ မူကြိုမှအထက်တန်းကျောင်းအထိအတန်းများဖွင့်လှစ်သင်ကြားပေးသည်။ အဆိုပါ နိုင်ငံတကာမှအသိအမှတ်ပြုသောသင်ရိုးမှာကမ္ဘာတဝှမ်းရှိအကောင်းဆုံးကျောင်းများနှင့်တက္ကသိုလ်များ ဝင်ရောက်နိုင်ရန်အတွက်ပြင်ဆင် ပေးသည်။

၃။ကမ္ဘာ့အခွင့်အလမ်းများ

ပြင်သစ်ပညာရေးစနစ်၏ အရည်အသွေးပြည့်ဝမှုနှင့် LFIR တွင်သင်ယူတတ်မြောက်သော တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုဆိုင်ရာ စွမ်းရည်များအကျိုးကျေးဇူးကြောင့် ကျောင်းသား/သူများသည် နိုင်ငံတကာပညာရေးစနစ်များကို မိမိကိုယ်ကိုယ်ယုံကြည်မှုပြည့်ဝစွာဆက်လက်သင်ယူနိုင်ကြသည်။ ပညာရေး - ပြင်သစ်အထက်တန်းကျောင်း ဒီပလိုမာ "Le baccalauréat" သည် ကမ္ဘာတစ်ဝှမ်းရှိတက္ကသိုလ်များ၏အသိအမှတ်ပြုအလေးပေးလက်ခံကြသော ဒီပလိုမာဘွဲ့ဖြစ်သည်။ ပြင်သစ်တွင် ပညာသင်ကြားလိုသူများအတွက် ပညာသင်ဆုအမျိုးမျိုးကိုရရှိနိုင်ပါသည်။

၄။ တရားဝင်အသိအမှတ်ပြုလက်မှတ်

ပြင်သစ်နိုင်ငံတကာကျောင်း(ရန်ကုန်)ကိုပြင်သစ် ပြင်သစ်ပြည်ပညာရေးဝန်ကြီးဌာနမှတရားဝင် အသိအမှတ်ပြုထားပြီး သင်ကြားရေးနှင့်အုပ်ချုပ်းရေးပိုင်းဆိုင်ရာတို့အတွက် စံချိန်စံနှုန်း အရည်အသွေးကိုအဓိကထားပြီးအာမခံပေးနိုင်ရန်အတွက် ပုံမှန်စစ်ဆေးမှုများပြုလုပ်ပါသည်။

၅။ အကျိုးအမြတ်မယူသောစနစ်ကျင့်သုံးသည့်အဖွဲ့အစည်း

ကျောင်းလခ၏၁၀၀%ကိုကျောင်းအတွက်သုံးစွဲပြီးမိဘများအသင်းအဖွဲ့မှကျောင်းစီမံခန့်ခွဲမှုများကိုကြီးကြပ်ပါသည်။ဤထူးခြားသောဖွဲ့စည်းမှုသည်ကလေးများ၊မိသားစုများနှင့်ကျောင်းအတွက်အကောင်းဆုံးဖြစ်မည့်ဆုံးဖြတ်ချက်များကိုတိကျစွာချမှတ်စေပါသည်။

၆။ ကြင်နာပြီးဂရုစိုက်သောဝန်းကျင်

ပြင်သစ်ပညာရေးဝန်ကြီးဌာနမှကျောင်းစစ်ဆေးရေးအရာရှိတစ်ဦး၏မကြာသေးမှီမှကောက်ယူထားသောစစ်တမ်းအရ “စာသင်သားအယောက်စီတိုင်းသည် ယုံကြည်စိတ်ချရသောပတ်ဝန်းကျင်၊နွေးထွေးစွာ ကြိုဆိုသောကျောင်းဝန်းအတွင်းပျော်ရွှင်စွာပညာသင်ယူနေကြပါသည်။ နေ့စဉ်စာသင်ယူရာ၀ယ်တစ်ဦးတစ်ယောက်ချင်းစီအတွက်လိုအပ်မည့်ပံ့ပိုးမှုများရှိသည့်အတွက် ကျောင်းသား/သူများအကျိုးရှိလေသည်။သင်ကြားရေးအဖွဲနှင့်ကျောင်းအဖွဲ့အစည်းတခုလုံးကြင်နာစွာ၊ ဂရုစိုက်စွာဖြင့်အလေးပေးဆက်ဆံကြသောဝန်းကျင်ဖြစ်သည်။”ဟုကောက်ချက်ချခဲ့ပါသည်။

၇။ ပံ့ပိုးကူညီမှုပေးသော၀န်းကျင်

ယုံကြည်စိတ်ချမှုပေးသောဝန်းကျင်၌ ကျောင်းသား/သူ များအတွက်ထိရောက်သောသင်ကြားမှု များအတွက်စာသင်ခန်းတခန်းတွင်ကျောင်းသားအရေအတွက်အနည်းငယ်လက်ခံ၍ သာသင်ကြားပေးသည်။

၈။ စေတနာအရင်းခံသောအသင်းအဖွဲ့

ကျောင်းစစ်ဆေးရေး၏မှတ်ချက်၌ ဤကျောင်းတွင်အလုပ်လုပ်ရသည့် အတွက်ဆရာ/မများမှာပျော်ရွှင်ကြပြီးကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါသည်။ကျောင်း၏အဖွဲ့ဝင်များဖြစ်သောသင်ကြားရေးအဖွဲ့၊စီမံခန့်ခွဲရေးနှင့်အခြားပံ့ပိုးသောဝန်ထမ်းများအားလုံးသည် ကျောင်းအတွက်ဗဟိုချက်မဖြစ်လေသည်။  

၉။ မြန်မာနိုင်ငံတွင်သက်တမ်းရှည်ကြာပြီဖြစ်သောကျောင်း

LFIR သည် 1993 ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ပြင်သစ်ကျောင်းမှ ကြီးပြင်းလာခဲ့ပါသည်။ ၎င်း၏ ဒါရိုက်တာ ဆိုဖီသည် မြန်မာနိုင်ငံတွင် ကလေးများကို သင်ကြားပေးနေသည်မှာ 25 နှစ်ကျော်ပြီဖြစ်သည်။ အခြားဆရာများ သည် တိုင်းပြည်တွင် နှစ်အတော်ကြာ နေလာခဲ့သည်။ LFIR သည် ရန်ကုန်အခြေစိုက် ဆရာများအားလုံးဖြင့် 2021 ခုနှစ်တွင် လူကိုယ်တိုင်သင်တန်းများ ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးကျောင်းဖြစ်သည်။

၁၀။ ကျောင်းချိန်ပြင်ပအတန်းများ

အားကစားအတန်းများ၊အနုပညာနှင့်နည်းပညာစသောနယ်ပယ်စုံသင်ကြားမှုများအတွက်ကျောင်းချိန်ပြင်ပအတန်းများကို မူကြိုအရွယ်မှစတင်ဖွင့်လှစ်ပေးပါသည်။ ဤအတန်းများမှာကျောင်းသား/သူများအတွက်ပညာရပ်အသစ်အဆန်းများကိုလေ့လာနိုင်ပြီးစိတ်ဝင်စားမှုအသစ်များကိုဖော်ထုတ်နိုင်ရန်အတွက်အခွင့်အလမ်းကောင်းဖြစ်ပါသည်။ အဆိုပါအတန်းများကိုမိဘများအဆင်ပြေပြေနှင့်စိတ်အေးချမ်းသာအပ်နှံနိုင်ရန်အတွက်ကျောင်းဝန်းအတွင်း၌သာ ဖွင့်လှစ်ထားပါသည်။

ဆက်သွယ်ရန်

ကျောင်းနှင့်ပတ်သက်ပြီး သိရှိမေးမြန်းလို၍ဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလို၍ဖြစ်စေ  

ပြင်သစ်၊ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားများဖြင့် ဖုန်းခေါ်ဆိုရန်၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ပို့ပြီးအမြန်ဆက်သွယ်ပါ။

my_MMMY

Admission Open!

The French International School Yangon (LFIR) is now accepting applications for the 2026–2027 academic year.

The new school year will begin on August 31, 2026, with enrollment open year-round starting now.

For more information, parents can download the school fees and presentation or contact the school directly from our website.